စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့မရဲစခန်းကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရယ စစ်အုပ်စုဘက်က ၅ ယောက်သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U People’s Defence Force ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက် မနေ့က မနက်ပိုင်းမှာတော်လှန်ရေးတပ်တွေက ချောင်းဦးရဲစခန်းကို ၆၀ မမ ဗုံးသီး ၂ လုံးနဲ့ စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ နာရီခန့်အကြာမှာ ဒရုန်းနဲ့ပါ နောက်ထပ်ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးသီးတွေဟာ ချောင်းဦးရဲစခန်းဝန်းအတွင်းက ကားဂိုဒေါင်အနီး​ ကျရောက်ပေါက်ကွဲပြီးနောက် ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက် စစ်​ကော်မရှင်တပ်သား ၅ ယောက် ထိခိုက်သေဆုံးခဲ့ပြီး သေဆုံးသူ ၁ ယောက်ရဲ့ ရုပ်အလောင်းကို မုံရွာ နမခ ဆီ ပြန်လည် သယ်ဆောင်သွားတယ်လို့ Cahung U People’s Defence Force ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – ချောင်းဦး ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ မဟာမိတ်တွေ စစ်ဆင်ရေး အောင်ပွဲ့တစ်ခု (ပုံဟောင်း)

” အခက်အခဲကတော့မရှိခဲ့ပါဘူး။ ၆၀မမ ၂လုံးပစ်သွင်းတာမှာ ၁လုံးပဲကွဲပါတယ်။ ပစ်ခတ်မှုတော့မဖြစ်ပါဘူး။ သူတို့ဘက်တုံ့ပြန့်တာမျိုးတော့မရှိပါဘူး။ သေတဲ့၁ကောင်ကို နမခကို ပြန်ခေါ်သွားတယ်ဆိုတော့ အကောင်ကြီးထဲကဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့နာမည်နဲ့ရာထူးကိုမသိရလို့သာမထုတ်ပြန်တာပါ။ ကျန်တဲ့ ၄ကောင်က ချောင်းဦးမှာပဲသဂြိုလ်ပါတယ်။” လို့ Cahung U People’s Defence Force တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှု့ကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ LPDF အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက် မနေ့က တစ်ချိန်တည်းမှာပဲ မုံရွာ-မန္တလေးလမ်းပေါ် ကင်းယူဖို့လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ချောင်းဦးမြို့၊ သံလွင်မြန်မာဆီဆိုင်နားအရောက် ချောင်းဦးပကဖတိုက်ခိုက်ရေးတပ်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သားအလောင်း ၃ လောင်း၊ ဆိုင်ကယ် ၄ စီးနဲ့ သေနတ် ၃ လက်အပါအဝင် ကျည်ဆံခဲယမ်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ်အတွင်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေနည်းတူ တစ်ဖက်မှာလည်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဖြစ်စဥ်အပြီး ​ချောင်းဦးမြို့က ရမ်းကားပစ်ခတ်လိုက်တဲ့ စစ်အုပ်စု လက်နက်ကြီးကြောင့် ငလုံးတင်ရွာက အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဥ်မှာလည်း အသက် ၂ နှစ်နဲ့ ၉ နှစ်အရွယ်ကလေးငယ်တွေ အပါအဝင် ၂၄ ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ဘေးရှောင် သောင်းချီရှိနေတဲ့ ရေဦးမှာ ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အနွေးထည်နဲ့ ခြုံစောင်တို့ လိုအပ်နေ

ဆောင်းရာသီ ဝင်ရောက်လာပြီ ဖြစ်တာကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် အနွေထည်နဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ထံက သိရပါတယ်။
Read More

လှည်းကူးရှိ ခမရ ၂၁၁ ကို လမ်းကြုံ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် တိုက်ဖျက်နေသည်ဟု မင်းအောင်လှိုင် ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ညောင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး ၉ ယောက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်း လမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။