အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်နေချက်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံမဖြစ်ဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မူအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မလေးရှားပညာရှင်တွေနဲ့ မူဝါဒကျွမ်းကျင်သူတွေက အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

Universiti Malaya က ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ လေ့လာရေးအဖွဲ့နဲ့ မြန်မာ့အရေးဆိုင်ရာ မလေးရှား အကြံပေးအဖွဲ့ တို့က မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ရဲ့ နေပြည်တော်ခရီးစဉ်အပြီး စစ်အုပ်စုရဲ့ မြန်မာ့အလင်း သတင်းစာရဲ့ ဖော်ပြချက်အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ပြောဆိုထားတာပါ။ အသွင်ပြဖို့ လုပ်ထားတဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အားလုံးပါဝင်မှုမရှိတဲ့ ရွေးကောက်ပွဲတွေကို ပြုလုပ်ဖို့ စစ်အုပ်စုရဲ့ အပြင်းအထန် ကြိုးပမ်းနေမှုက အတုအယောင်သာ ဖြစ်တယ်” လို့ ပူးတွဲထုတ်ပြန်ချက်အတွင်း ဖော်ပြထားပါတယ်။

မြန်မာ့အလင်းရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ သတင်းထုတ်ပြန်မှုအတွင်း မိုဟာမက် ဟာဆန်နဲ့ စစ်အုပ်စု ကိုယ်စားလှယ်တွေက “နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြှင့်တင်ရေးနှင့် အာဆီယံနှင့် နိုင်ငံတကာနယ်ပယ်တွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ကြသည်” လို့ ဝါဒဖြန့် ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူ လေ့လာရေးအဖွဲ့နဲ့ မလေးရှား အကြံပေးအဖွဲ့တို့က မလေးရှားရဲ့ နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်နဲ့အညီ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးတို့ကို ဆက်လက် ဦးစားပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဒါကြောင့် မလေးရှားနိုင်ငံနဲ့ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ယူထားတဲ့ ကာလတလျှောက်လုံးမှာ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံရဲ့ မူအားဖြင့်ရပ်တည်ချက်ကို အာဏာသိမ်းစစ်အုပ်စုက အသုံးချခြင်း သို့မဟုတ် လွဲမှားစွာ ကိုးကား ဖော်ပြခြင်း မခံရစေဖို့ တိုက်တွန်းတယ်” လို့ ၎င်းတို့အဖွဲ့တွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် မလေးရှားမူဝါဒနဲ့ ကျွမ်းကျင်သူအဖွဲ့တွေက စစ်ကိုင်းတိုင်းမှာဖြစ်ပွားခဲ့တဲ့ အရပ်သားများအပေါ် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု အပါအဝင် မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မြန်မာပြည်က အကြမ်းဖက်မှုတွေဟာ အာဆီယံရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်တွေကို လိုက်နာဖို့ အာဏာသိမ်းစစ်တပ်မှာ ရည်ရွယ်ချက်မရှိကြောင်း သက်သေပြနေတယ်လို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ပူးတွဲကြေညာချက်အတွင်း မလေးရှားနိုင်ငံအနေနဲ့ စစ်ကောင်စီနဲ့သာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ (EROs) နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အပါအဝင် ပဋိပက္ခမှာ ပါဝင်နေတဲ့ အုပ်စုအားလုံးနဲ့ ပွင့်ပွင့်လင်းလင်း ထိတွေ့ဆက်ဆံဖို့ တောင်းဆိုထားပါတယ်။
News- Malay Mail

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲကို လေ့လာသူ စေလွှတ်မည်ဟု ထိုင်းပြော၊ ရွေးကောက်ပွဲကို တရားဝင်ဖြစ်စေဖို့ ရည်ရွယ်ခြင်းမဟုတ်ဟု ဆို

ဒီလကုန်ပိုင်းမှာ ပြုလုပ်ဖို့လျာထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေကို လေ့လာသူတယောက် စေလွှတ်ဖို့ စီစဉ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ဒီဇင်ဘာလ ၁၉ ရက်မှာ ပြောဆိုထားပါတယ်။
Read More

မြန်မာနဲ့ တောင်တရုတ်ပင်လယ်အရေး မလေးရှားမှာ အာဆီယံဝန်ကြီးတွေ ဆွေးနွေး

မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ ဇန်နဝါရီလ ၁၉ ရက် (ဒီနေ့) ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တံခါးပိတ်အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
Read More

အနောက်အုပ်စုအကူအညီများ လျှော့ချခြင်းက အရှေ့တောင်အာရှအတွင်း တရုတ်လွှမ်းမိုးမှုကို တိုးလာစေ

ထရမ့်အစိုးရနဲ့ အခြားအနောက်နိုင်ငံက အလှူရှင်တွေရဲ့ အကူအညီတွေ လျှော့ချလိုက်ခြင်းဟာ အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြင့်တက်လာစေကြောင်း ဩဇတေးလျ ဉာဏအဖွဲ့အစည်းတစ်ခုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Read More

ငလျင်ဘေးနဲ့ ရင်ဆိုင်နေရချိန် ပြည်သူကိုအကြမ်းဖက်တိုက်ခိုကိနေလို့ ပြတ်သားစွာ အရေးယူပေးဖို့ ကုလကို တောင်းဆို

သဘာဝဘေးနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြတ်သားစွာအရေးယူပေးဖို့ ကုလရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်တောင်းဆိုလိုက်ပါတယ်။
Read More

(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး၊ ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂလားဒေ့ရှ်ကတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Read More

လက်နက်များရောင်းချပေးနေသည့် ဘီလာရုစ်နိုင်ငံသို့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ လက်မှတ်ရေးထိုး

စစ်ကောင်စီကို စစ်လက်နက်တွေ ရောင်းချနေတဲ့ ဘီလာရုစ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ သဘောတူစာချုပ်တချို့ လက်မှတ်ရေးထိုးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့  ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။