စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ပြည်သူတွေကို စစ်ကိုင်းဖိုရမ်ရဲ့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်က ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ဆေးဝါးနဲ့ ရိက္ခာတွေ မျှဝေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ပြည်သူတွေကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့ဝင် ချောင်းဦးမြို့နယ်တာဝန်ခံရဲ့ ဆေးအဖွဲ့ကလည်း ကုသပေးနေပြီး ကွန်ရက်ကနေ ကျပ်သိန်း ၂၂၅ သိန်းကျော် တန်ဖိုးရှိ ဆေးဝါးတွေ၊ ဆေးဖက်သုံးပစ္စည်းတွေနဲ့ ရိက္ခာတွေ မျှဝေထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညက မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်မှာ ဆီမီးသပိတ် ပြုလုပ်နေတဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ၂၄ ယောက် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အနေနဲ့လည်း ဆုံးပါးသွားတဲ့ ပြည်သူတွေ ကောင်းရာသုဂတိလားစေဖို့နဲ့ ဒဏ်ရာရ ထိခိုက်ပြည်သူတွေ အမြန်သက်သာပျောက်ကင်းစေဖို့ ဝမ်းနည်းပူဆွေးစွာ ဆုတောင်းမေတ္တာ ပို့သကြောင်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို Sniper အဖွဲ့ သွားရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

မြိုင်တွင် စစ်တပ်က လေယာဥ်ဖြင့် ရိက္ခာဖြည့် စစ်ကြောင်းထိုးနေ၊ ကလေးတောင်ပိုင်းကိုလည်း ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်အုပ်စုက လေယာဥ်နဲ့ ရိက္ခာဖြည့်ပြီး စစ်ကြောင်းထိုးဝင်ရောက်နေသလို စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်ကစလို့ မြိုင်မြို့နယ်အနောက်တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ စစ်အုပ်စုဟာ ဓားစာခံအရပ်သား၃ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး လက်ရှိမှာ မြို့နဲ့ ၄မိုင်အကွာက စက်မှု (၂) ခေါ် မြိုင်အခြေစိုက် တကစ(၂) စက်ရုံထဲမှာ အင်အား ၂၀၀ နီးပါးနဲ့ တပ်စွဲနေတယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေး ပိုမိုထိရောက် အားကောင်းစေဖို့ MLA နဲ့ အလုံးစုံ ပူးပေါင်းလိုက်တဲ့ MSRO

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) ဟာ သူတို့ရဲ့ တပ်ဖွဲ့ကို ဖျက်သိမ်းပြီး မွန်ပြည်လွတ်မြောက်ရေးတပ် (MLA) နဲ့ ပူးပေါင်းကာ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်လာပါတယ်။ 
Read More

လက်နက်အပြည့်အစုံ ယူဆောင်၊ အလံဖြူထောင်ကာ ‘အောင်ပြီဟေ့ အောင်ပြီ’ လို့ အော်ဟစ်အလင်းဝင်လာသည့် ပျူစောထီး ဒုခေါင်းဆောင်

“ချိတ်ဆက်မှု တိတိကျကျ မလုပ်ထားဘူးဗျ။ ရုတ်တရက် ထွက်လာတာ။ ကျနော်တို့က ထွက်လာဖို့ရှိတယ်ပဲ သိထားတာ။ သူ့ဘာသာသူ ဆိုင်ကယ်နဲ့ အလံဖြူထောင်ပြီး ထွက်လာတာဗျ။ သူတို့မှာရှိတဲ့ကားမှာ ဘီး ၄လုံးစလုံး ဖြုတ်ထားခဲ့တယ်။ ထော်လာဂျီလည်း ဘီးဖြုတ်ထားခဲ့တယ်။ ပြီးတော့မှ သူက ဆိုင်ကယ်နဲ့စီးပြီး လက်နက် အပြည့်အစုံနဲ့ ထွက်လာတာပါ” လို့ လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

ဝန်းသိုမြို့နယ် နန်းချိုရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Kawlin info က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် လက်ဖက်ရည်ဆိုင် မီးလောင်၊ ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွားတယ်လို့ ဖားကန့်နယ်ခံဆီက သိရပါတယ်။