စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရေယာဉ် (၁၅) စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) တပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက် မနေ့က မနက် ၈ နာရီခွဲလောက်မှာ မုံရွာကနေ အောက်ဘက် စုန်ဆင်းလာတဲ့ စစ်ကော်မရှင်ရေယာဉ်တွေဟာ ချင်းတွင်းမြစ်‌ကြောင်း တစ်နေရာအရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို စက်တပ်လေထီးနဲ့လည်း လိုက်လံရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ CFG တပ်ဖွဲ့က ဆိုပါတယ်။

” ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ် ၊ အတိအကျတော့ မသိရဘူး၊ စက်တပ်လေထီး‌နဲ့က မပစ်သွားဘူး၊ ဒီအတိုင်းပဲ ကာပေးသွားတာ၊ ရှေ့ထွက်မိုင်းတွေတောင် မဆွဲလိုက်ရဘူး၊ ဂန်းငယ်တွေနဲ့ပဲ ပစ်လိုက်ရတယ်၊ ရှေ့ထွက်မိုင်းဆွဲလိုက်ရင် မီးခိုးတွေ ထွက်သွားရင် အဆင်မပြေလို့ စက်တပ်လေထီးကလည်း တက်လာတာဆိုတော့လေ” လို့ ChindwinFighterGroup(CFG) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါရေယာဉ်တွေမှာ စစ်ကော်မရှင်တပ်သားတွေဟာကြေးနီ၊ ဆီလှောင်ကန်တွေ နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေကို သယ်ဆောင်လာတယ်လို့ သိရသလို တိုက်ပွဲငယ် ဖြစ်ပွားပြီးနောက် အဆိုပါရေယာဉ် (၁၅) စီးဟာ အောက်ဘက်ကို ဆက်လက်စုန်ဆင်းသွားပြီး မြစ်ဝဘက်ထိ စုန်ဆင်းသွားတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ChindwinFighterGroup(CFG) နဲ့ ၊Brave Heart Army-(B.H.A)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကော်မရှင်ရေယာဉ် (၁၅) စီးကို ပစ်ခတ်နေတဲ့ CFG တပ်ဖွဲ့ဝင်များ…
0 Shares:
You May Also Like
Read More

ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ CDF စစ်ဦးစီးချုပ် ကျဆုံးခဲ့ရ

ချင်းပြည်နယ်၊ ထန်တလန် မြို့သိမ်းတိုက်ပွဲမှာ အားထားရတဲ့ စစ်ဦးစီးချုပ် ကျဆုံးခဲ့တယ်လို့  ချင်းကာကွယ်ရေးတပ် CDF ထံက သိရပါတယ်။
Read More

နိုင်ငံခြားငွေ ရှားပါးလာတဲ့ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်ဖို့ စမတ်ကတ်စနစ်ကို ကျင့်သုံးခြင်းသာ ဖြစ်

တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမယ့်  စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ် ဟာပြည်ပကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆောင်ရွက်သာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
Read More

သီပေါတွင် အမျိုးသားတစ်ဦး စစ်ကောင်စီလက်ကျန်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်စုံကျေးရွာမှာ ဒေသခံအမျိုးသား ၁ ယောက် စစ်ကောင်စီလက်ကျန်မိုင်းကို နင်းမိပြီး ညာခြေထောက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်သား ၁၄ ဦး အလင်းဝင်လာ

ပြီးခဲ့တဲ့ မတ်လနောက်ဆုံစရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ တော်လှန်ရေးတပ်တွေဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၄ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက သူ့တပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရှိတဲ့နေရာကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်လို့ စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် ၄ ယောက် သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်သုံ့ပန်းတွေထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။
Read More

ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် အိုးဘိုထောင်က CDM ဆရာမကြီးဒေါ်မြင့်မြင့်သန်းသေဆုံး… ယခုနှစ်အတွင်း ထောင်တွင်း လုံလောက်သည့် ဆေးကုသခွင့် မရမှုကြောင့် သေဆုံးသူ နိုင်ကျဥ်း ၁၁ ဦးထိ ရှိလာ…

မန္တလေးအိုးဘိုထောင်အတွင်းမှာ အကျဉ်းချခံနေရတဲ့ CDM ဆရာမကြီး ဒေါ်မြင့်မြင့်သန်းဟာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။