စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ထောင်ကြီးကွင်းနဲ့ ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွား​ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ယောက် သေဆုံးပြီး ထောင်ကြီးကွင်းရှိ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဗမာ့တပ်တော် (Bamar Army) ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် ညနေပိုင်းက မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနောက်ဘက်မှာ ရှိတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ထောင်ကြီးကွင်းနဲ့ ရဲစခန်းနေရာတွေကို ဗမာ့တပ်တော် BAMAR ARMY၊အမှတ် (၂) စစ်ဦးစီးကွပ်ကဲရေးရုံး ကွပ်ကဲမှုအောက်က အမှတ်(၅၀၅)တပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ သွားရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေက ၆၀ မမလက်နက်တွေနဲ့ အကြမ်းဖက်စစ်ကော်မရှင် ဘန်ကာတွေနားအထိ တိုးကပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့လည်း အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
” တိုက်ပွဲက ၄၅ မိနစ်ကြာပါတယ်။ ၆၀ မမတွေနဲ့ ရန်သူ့ဘန်ကာတွေကို အနီးကပ် ပစ်ခတ်တာ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။ မိမိတို့တော်လှန်ရေးပူးပေါင်းတပ်တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ ဗမာ့တပ်တော် (Bamar Army) ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သာစည် ရဲစခန်းအတွင်းက ရဲ (၃) ယောက်သေဆုံးပြီး ထောင်ကြီးကွင်းအဆောက်အဦးနဲ့ ပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မူကို ဗမာ့တပ်တော် BAMAR ARMY၊ အမှတ်(၂) စစ်ဦးစီးကွပ်ကဲရေးရုံး ကွပ်ကဲမှုအောက်က အမှတ်(၅၀၅)တပ်ရင်းနဲ့အတူ HERO BROTHER MONYWA DEFENCE FORCE (HBMY PDF)၊ MOE HEIN DEFENCE FORCE၊ ဖီးနစ်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (LOCAL)၊ TRUTH ARMYနဲ့ ရွှေတြိဂံမဟာမိတ်တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ဗမာ့တပ်တော်မှ တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

လက်ပန်လှရွာ ရဲစခန်းကို စစ်တပ်ဗုံးကြဲမှုကြောင့် အကျဥ်းသားနှင့် သံသယတရားခံ ၂၂ ဦး သေဆုံးပြီး အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရ၊ ရွှေပန်းတောရွာတွင်လည်း ၂ ဦး အသက်ဆုံးရှုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာနဲ့ ရွှေပန်းတောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင် ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

တင်းမာမှုတွေကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းရေး ဆွေးနွေးမှုရှိလာ…

ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်ဖွဲ့ (CB) တွေနဲ့ CNF/CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့တို့ဟာ စစ်ကောင်စီတပ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ကြပေမယ့် အချင်းချင်းကြားထဲမှာ နယ်မြေအငြင်းပွားမှု အပါအဝင် အခြားသောနိုင်ငံရေးပြဿနာတွေကြောင့် အခြေအနေတွေ တင်းမာနေခဲ့တာဟာ အချိန်တော်အတန်ကြာခဲ့ပါပြီ။
Read More

ရွှေဝါရောင် စိတ်ဓာတ် ဆုပ်ကိုင်ပြီး နွေဦးတော်လှန်ရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး) ထုတ်ပြန်

ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ် သံဃသမဂ္ဂ(မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားများ ပြည်သူလူထုကို ကျန်းမာ‌ရေးစောင့်ရှောက်မှုပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားတွေဟာ ပြည်သူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

သရက် – ကံမ – ပြည် ကားလမ်းဘေးက ရေနံ့သာရဲစခန်းကို PDF တပ်များ စီးနင်းမီးရှို့.၊ ရဲတပ်ကြပ် ၁ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက် - ကံမ - ပြည် ကားလမ်းဘေးက ရေနံ့သာရွာ ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ ရဲတပ်ကြပ် ၁ ယောက်အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

NLD အစိုးရလက်ထက် ဝယ်ယူခဲ့သည့် DEMU လူစီးရထားအား မင်းအောင်လှိုင်က သူ့လက်ထက်မှာ တိုးတက်နေသဖွယ် လိုက်ပါစီးနင်းပြ

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အရပ်သားအစိုးရလက်ထက်မှာ ဝယ်ယူခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမှတ်(၈)အစုန် DEMU လူစီးရထားကို ခရီးသည်တွေနဲ့အတူ လိုက်ပါစီးနင်းခဲ့တယ်လို့ စစ်တပ် လော်ဘီ သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။