ပဲခူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးနဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးမှူးတို့ဟာ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ (၁) နယ်မြေအတွင်းရှိ ပဲခူးခရိုင်ပကဖ ရဲဘော်တွေနဲ့ တော်လှန်ရေးနယ်မြေအတွင်း တစ်နေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဆွေးနွေးပွဲကို ပဲခူးတိုင်းစစ်ဌာနကွပ်ကဲရေးမှူး ရဲဘော် စံလင်း၊ ပဲခူးတိုင်းစစ်ဌာနစစ်ဆင်ရေးမှူး ရဲဘော် ဘီဘီ၊ အထူးတိုင်းစစ်ဌာနအမှတ် ( ၃၆ ) နည်းဗျူဟာမှူး ရဲဘော်ရန်နိုင်၊ ပဲခူးတိုင်းပကဖ ထောက်လှမ်းရေးအရာရှိ ရဲဘော်စောဘီလူး၊ ပဲခူးခရိုင် ပကဖ တာဝန်ခံ ရဲဘော်ဖြိုးမောင် တို့ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မိုင်းငေါ့မြို့တွင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦး သေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ လာရောက်ဗုံးကြဲချတိုက်ခိုက်မှု‌ကြောင့် ဒေသခံပြည်သူ (၂) ယောက် သေဆုံးသွားခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်ဗျူဟာ၏ လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ မိုးကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေက တပ်ရင်းတွေ စုဖွဲ့ထားတဲ့ မိုးကုတ်ဗျူဟာက လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နိုင်ငံတဝန်း စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် ၁၇၄ ခုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP - Myanmar) က ထုတ်ပြန်လိုက်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ PDF တပ်ရင်းအမှတ် ၈၀၃ ၏ တပ်ရင်းမှူး ကွယ်လွန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ကုန်း PDF (တပ်ရင်းအမှတ် ၈၀၃) ရဲ့ တပ်ရင်းမှူး ကွယ်လွန်သွားတယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်တပ်ရင်း (၂၈) မှ ရဲဘော် ကျော်ဇင်ငြိမ်း ကျဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စလင်း ပကဖ နှင့် ပြည်သူများ ပူးပေါင်း လမ်းပြုပြင် (ဓာတ်ပုံသတင်း)

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေနဲ့ ဆေးတပ်သား ရဲမေတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်း အများပြည်သူ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ၃ ရက်ဆက်တိုက် ပြုပြင်မွမ်းမံ လမ်းပြင်လုပ်အား ဒါနပြုခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားပါတယ်။