ရှမ်းပြည်နယ်‌မြောက်ပိုင်းက မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ ရက် မနေ့ည ၇နာရီဝန်းကျင် အချိန်မှာ ဝဲဘောင်းကျေးရွာကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၃လုံး လာရောက်ကြဲချခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေး ၂ယောက်အပါအဝင် အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၃ယောက်၊ စုစုပေါင်း ၇ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၈ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးလည်း ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ အောက်တိုဘာ ၇ရက်နေ့ကလည်း မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချခဲ့တာကြောင့် ကလေးငယ် ၁ယောက် အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးပြီး ၃ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကော်မရှင်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတို့ အသုံးပြုကာ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် ပြည်သူတွေ သတိနဲ့ နေထိုင်ကြဖို့ လိုအပ်ကြောင်းလည်း TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းအချို့ကို AA က လက်နက်ကြီးတွေနဲ့ ပတ်ခတ်

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦးနဲ့ ရဲတပ်သားတစ်ဦး အလင်း၀င်

ရန်ကုန်နဲ့ ရွှေဘိုမှ စစ်မှုထမ်း သင်တန်းဆင်း ၂ ဦး ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား၁ ဦး တို့လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့မှ သိရပါတယ်။
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နမ္မတူမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီး‌ကျောင်း‌ဆောင် (၄) ဆောင် ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း‌ဆောင် (၄)ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ စစ်အုပ်စုလက်ပါးစေတွေ အကြောင်းအမျိုးမျိုးပြပြီး လုပ်ငန်းရှင်တွေဆီက အခွန်ငွေတောင်းခံနေ

မကွေးတိုင်း၊ ရေစကြိုမြို့မှာ နယ်မြေစိုးမိုးမှု ဘယ်လောက်မှမရှိတော့တဲ့ စစ်အုပ်စုရဲ့ လက်ပါးစေတွေဟာ အရပ်သားတွေဆီက နည်းလမ်းမျိုးစုံနဲ့ အခွန်ငွေတွေ မတရားကောက်ခံနေကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက မောင်းကိုပြောပါတယ်။
Read More

NMSP-AD / RMA ၏ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းအခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD / RMA) က ဦးဆောင် ဖွင့်လှစ်သင်ကြားပေးတဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း (Close Quarters Battle - CQB) အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။