တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ မြင်ကွင်းတွေကို TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မိုင်းလုံမြို့နယ်၊ နမ့်ခုမ်အုပ်စု၊ မန်ဟုန်းကျေးရွာထဲက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုရှိရာကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပေါင် ၂၅၀ ဗုံး ၂လုံးနဲ့ လက်နက်ကြီး ၆လုံး ကြဲချခဲ့တာကြောင့် အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ ကလေးငယ် ၃ ယောက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ် ၆ လုံး ဗုံးစထိမှန် ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေမှာ အပြစ်မဲ့ပြည်သူတွေအပေါ် လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အသုံးပြုကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်လျက်ရှိတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အချုပ်သားများကို လောင်းလုံး ပအဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (လောင်းလုံး ပအဖ) က အချုပ်သားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို စနစ်တကျ ပြုလုပ်ပေးနေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်(ACDF) အခြေခံစစ်သင်တန်း အပတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့်သစ္စာရေသောက် အခမ်းအနား

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက်က (ACDF) နောက်တန်း‌လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်း

ဂျပန်နိုင်ငံရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာနိုင်သည်ဟု ပြည်သူအပေါ် ဆင်းရဲဒုက္ခမျိုးစုံ ပေးနေသည့် စစ်ကောင်စီ ဖိတ်ခေါ်

အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေနဲ့ ပြည်ပကို ရောက်ရှိနေတဲ့ နိုင်ငံသားတွေ ပြန်လာနိုင်တယ်လို့ ဒီနေ့ မတ်လ ၂၁ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။
Read More

ရပ်စောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက်အတွက် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ လွယ်ဟောင်ရွာအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက် ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူလေယာဥ်ကွင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ လေယာဥ်ပြေးလမ်း ပျက်စီးပြီး စစ်သား ၄ ဦး သေ၊ ၄ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပခုက္ကူလေယဉ်ကွင်းကိုရော့ကတ်တွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း လေယာဥ်ပြေးလမ်းပျက်စီးပြီး စစ်တပ်က ၄ ယောက် သေဆုံးကာ စိုးရိမ်ဒဏ်ရာရသူ ၄ ယောက်အပါအဝင် အများအပြားဒဏ်ရာရခဲ့တယ်လို့ Cobra One အဖွဲ့တာဝန်ရှိသူက ​မောင်းသတင်းဌာနကို ပြောပါတယ်။