မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၉ ရက် မနေ့ည ၈နာရီကျော်လောက်မှာ စစ်အုပ်စုက ထိတွေ့တိုက်ပွဲမရှိဘဲ ပျဥ်းမပင်ဆိပ် အနောက်ခြမ်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၅ယောက် ထိမှန်သေဆုံးခဲ့ပြီး ၇ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အပြစ်မဲ့စွာ သေဆုံးသွားခဲ့တဲ့ ကလေးငယ်တွေကတော့ နော်မသန်းသန်း (၁၂ နှစ်)၊ နော်မစန်းမြင့် (၁၀ နှစ်)၊ နော်မင်္ဂလာဖော (၉ နှစ်)၊ စောလင်းထက်သာ (၇ နှစ်) နဲ့ စောထွန်းထွန်းမင်း (၆ နှစ်) တို့ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၇ယောက်ကလည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

“ဒဏ်ရာရသူတွေထဲမှာ အကုန်လုံး စုစုပေါင်း ၁၂ဦးထဲမှာ ညချင်းပဲ ဆုံးတာက ၃ယောက်။ ဒီမနက် ထပ်ဆုံးတာ ၂ယောက်။ လက်ရှိ ဆေးရုံမှာက အကုန်လုံး ၇ယောက် ရှိနေတယ်။ ဆေးရုံကလူတွေလည်း အခြေအနေစိုးရိမ်ရတယ်လို့ သိထားရတယ်။ အိမ်ကတော့ ၃လုံး ပျက်စီးသွားတယ်။ အိမ်မွေးတိရစ္ဆာန်တွေလည်း သေတယ်” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ကလည်း သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ငှက်‌ပျောတောရွာက ချမ်းမြေ့စုဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရဟန်း ၂ပါး ပျံလွန်တော်မူခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (၄)နှစ်ပြည့်အ ထိမ်းအမှတ်ပဒေသာကပွဲ ပြုလုပ်

မန္တလေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တာ မတ်လ ၂၆ ရက်မှာ (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ တပ်မ ၉၉ မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်

အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော် တည်ဆောက်ရေးစီမံကိန်းမှာ ပါဝင်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီများ စည်ပင်ကို ဆက်သွယ်ရန် စစ်ကောင်စီ ထုတ်ပြန်

အသိပေးထုတ်ပြန်ချက်ထဲမှာ ဘာအတွက်ကြောင့် ဆောက်လုပ်ရေးကုမ္ပဏီတွေကို ခေါ်ယူတယ်ဆိုတာ မဖော်ပြထားပေမယ့်၊ နေပြည်တော်အထူးဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ရုံးဌာနအဆောက်အဦး၊ ဝန်ထမ်းအိမ်ရာ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦး၊ အခြားအဆောက်အဉီးတွေ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေအားလုံးအနေနဲ့ နေပြည်တော်စည်ပင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)ကို ဆက်သွယ်ရမယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်လိုက်တာပါ။
Read More

နိုဝင်ဘာလအတွင်း ပြည်သူ ၅ ဦးကို စစ်အုပ်စု ရွေးကောက်ပွဲဥပဒေဖြင့် ထပ်မံဖမ်းဆီးထား၊ ရန်ကုန်တွင် ၂ လအတွင်း ဖမ်းဆီးခံထားရသူ ၁၅ ဦး ရှိ

အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုပြီး ရန်ကုန်တိုင်းအတွင်းက အရပ်သား ၅ ယောက်ကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အသီးသီး ထပ်မံ အရေးယူထားကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်ရင်းတိုးချဲ့ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်တပ်မွေးနေ့နဲ့ တပ်သားသစ် (၂၀)ဦးကို ဘက်တံဆိပ် အပ်နှံသည့် ​အခမ်းအနားပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ ) က တပ်ရင်းတိုးချဲ့ဖွဲ့စည်းတည်ထောင်ခြင်း(၃) နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၇ ရက်က လွတ်မြှောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။