ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် – YDF က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ YDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အကြမ်းဖက် စစ်အာဏာသိမ်းပြီးနောက် ယောဒေသ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်နိုင်ရေးအတွက် YDF မှာ တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်အပေါင်းတို့ကို အောက်မေ့ဖွယ် ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနားအဖြစ် အောက်တိုဘာလ ၇ ရက်က YDF စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖက်ဆစ်စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးတော်လှန်ရေးမှာ ရဲဝံ့စွာ အသက်သွေးရင်းနှီး တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ တိုင်းရင်းသား၊ လူမျိုးစု အသီးသီးမှ အာဇာနည်ရဲဘော်တွေရဲ့ ဓမ္မဝါဒီထွန်းလင်းစေဖို့ ဆီမီးထွန်းညှိပူဇော်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ YDF က ဆိုပါတယ်။

ကျဆုံးသူတွေထဲမှာ ယောကာကွယ်ရေးတပ် – YDF ရဲ့ ဒုစစ်ဦးစီးချုပ် ဖြိုးဝေစိုးက ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်မှာ ရန်သူ့နယ်မြေအတွင်း အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒုစစ်ဦးစီးချုပ်အပါအဝင် ယောဒေသနဲ့ မဟာမိတ်နယ်မြေဒေသအသီးသီးမှာ စစ်အာဏာရှင်ကို စွမ်းစွမ်းတမံ တိုက်ထုတ်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ရတဲ့ YDF ရဲဘော်တွေကို တော်လှန်ရေး အာဇာနည်သူရဲကောင်းတွေအဖြစ် ကမ္ဗည်းထိုး မော်ကွန်းတင် ဂုဏ်ပြုတယ်လို့လည်း YDF က ဆိုပါတယ်။

အာဇာနည်သူရဲကောင်းတွေကို ရည်စူးတဲ့ ဆီမီးထွန်းညှိခြင်းအခမ်းအနားမှာ တက်ရောက်ပါဝင်ခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့တွေ၊ ပြည်သူတွေနဲ့ အရပ်ဖက်တာဝန်ခံတွေကိုလည်း အထူးကျေးဇူးတင်ကြောင်း ယောကာကွယ်ရေးတပ်(YDF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့က တာဝန်ခံအသီးသီးနဲ့ ပကဖ ရုံး လက်ရုံးတပ်ဖွဲ့တွေ စုပေါင်းပြီး ပကဖ ၃ နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းတွင် စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာသည့် စစ်သားနှင့်ရဲများ တိုက်ခိုက်ခံရကာ ၂ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာကြတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး လက်နက်နဲ့ ငွေကြေးတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂⁩) က သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းပိုင်းရှိ ရေနံကုန်းကွက်သစ်ကို စစ်အုပ်စု အင်အားအလုံးအရင်းသုံး မီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာ-ကျောက္ကာလမ်းပိုင်းမှာ သံချပ်ကာကားတွေ အသုံးပြုစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ရေနံချက်ဖိုတွေရှိရာ ရေနံကုန်းကွက်သစ်ကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
Read More

ညောင်ဦးမြို့နယ်၊ စဉ့်ကူရဲစခန်းမှ စစ်ကြောင်းထွက်လာသည့် စစ်တပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၄ ယောက် သေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောက်မြို့နယ် ကိုင်းထောက်ကန်ရွာကို ဝင်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေ ၁၁ ဦး ဒဏ်ရာရ၊ စစ်တပ်က လူနေအိမ် ၃ လုံးကို မီးရှို့ကာ ပြည်သူတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကိုင်းထောက်ကန်ရွာကို ဝင်ရောက်လာတဲ့ စစ်အုပ်စု မိုင်းဆွဲပစ်ခတ်ခံရတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းလွင်ပြင်မှာ တိုက်ပွဲဝင်နေသည့် ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့ ၅ ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့များကို ရန်ကုန်တိုင်း ပကဖ တာဝန်ခှံင့် ဒုတာဝန်ခံတို့ တွေ့ဆုံခဲ့…

တောင်ပိုင်းစစ်ဒေသ၊ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်မှာရှိနေတဲ့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးအဖွဲ့တွေကို ရန်ကုန်တိုင်း ပကဖ တိုင်းတာဝန်ခံ ရဲဘော်နောင်ရိုးနဲ့ တိုင်းဒုတာဝန်ခံ(စစ်ဘက်ရေးရာ)ရဲဘော်မင်းရန်နိုင်တို့ တွေ့ဆုံပြီး ပကဖ လုပ်ငန်းစဥ်တွေ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။