မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အုပ်စုရဲ့ လာမယ့်ရွေးကောက်ပွဲကိစ္စတွေနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး တွန်းအားပေးပြောဆိုဖို့ ကြာသပတေးနေ့မှာ နေပြည်တော်ကို သွားရောက်မယ့်အကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဟာ အောက်တိုဘာလ ၉ ရက် နေပြည်တော် တရက်ခရီးစဉ်အတွင်း မင်းအောင်လှိုင်၊ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ဆုံမယ့်အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

ပြည်တွင်းစစ်ပဋိပက္ခတွေဖြစ်ပွားနေစဉ် စစ်အုပ်စုကပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်သလို စစ်အုပ်စုအာဏာတည်မြဲရေးအတွက်သာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားကြတာပါ။

အဆိုပါ အတုအယောင်ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာပြည်လာဖို့ စီစဉ်ထားခဲ့ကြပေမယ့် စစ်အုပ်စုက ငြင်းဆန်ခဲ့တာကြောင့် ခရီးစဉ်ပျက်သွားခဲ့ရပြီး အခုလို မလေးရှားဝန်ကြီးရဲ့ခရီးစဉ် ဖြစ်ပေါ်လာတာပါ။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က ကွာလာလမ်ပူရှိ ကွန်ဗင်းရှင်းစင်တာတွင် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပြုလုပ်သည့် သတင်းစားရှင်းပွဲမှာ တွေ့ရသည့် မလေးရှာဂဝန်ကြီးချုပ် Mohamad Hasan (ဓာတ်ပုံ MANDEL NGAN/ Reuters)



မိုဟာမက်ဟာဆန်က အာဆီယံအနေနဲ့ ရွေးကောက်ပွဲကို ဦးစားပေးအဖြစ် မသတ်မှတ်ဘဲ ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်တွေကိုသာ လိုက်နာဖို့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ မြန်မာကိုတောင်းဆိုခဲ့ကြောင်း ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုကို အာဆီယံငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ဖို့၊ အထူးသဖြင့် “ရန်လိုမှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိ ခွင့်ပြုပေးဖို့နဲ့ မြန်မာ့အရေး သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့” နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းမယ်လို့ သူ့ရဲ့ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မိုဟာမက်ဟာဆန်ရဲ့ ကြာသပတေးနေ့က ဖေ့စ်ဘွတ်ပို့စ်တခုမှာတော့ မကြာသေးမီက အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတွေဟာ ငြိမ်းချမ်းရေးအစီအစဉ် ကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ အသေးစိတ် ဖော်ပြခြင်းမရှိဘဲ ရေးသားခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ်မတိုင်မီ ပြီးခဲ့တဲ့အင်္ဂါနေ့၊ သီတင်းကျွတ်လပြည့်ညက အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာရှိတဲ့ မူလတန်းကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၄၀ ကျော် သေဆုံးခဲ့ရပါတယ်။

မူရင်းသတင်း – Malaysia foreign minister heads to Myanmar for talks with junta on election, peace plan

0 Shares:
You May Also Like
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

နှစ်ကုန်ပိုင်းမဟုတ်ရင် ၂၀၂၆ ခုနှစ်အစမှာ ရွေးကောက်ပွဲ ကျင်းပမည်ဟု မင်းအောင်လှိုင် စီစဥ်နေ…

အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်ရဲ့ ဇန်နဝါရီလ ထဲမှာ ရွေကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာပြည်သူများ တရားမျှတမှုရရှိရေး ပြောကြားပေးခဲ့သည့် ပုပ်ရဟန်းမင်းကြီးအား အစဉ်ထာဝရ အမှတ်ရနေမည်ဟု IEC ထုတ်ပြန်

မြန်မာပြည်အတွက် တရားမျှတရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အစဉ်အမှတ်ရနေမှာဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

စစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေး တက်ရောက်ခွင့်ပြုမှုအပေါ် NUG ကန့်ကွက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည် အကျဉ်းစခန်းများတွင် စနစ်တကျ ညှင်းပန်းမှုများနှင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း IIMM ပြော

မြန်မာပြည်က အကျဉ်းစခန်းတွေမှာ စနစ်တကျ ညှင်းပန်းမှုတွေ လုပ်ဆောင်နေတဲ့ ထင်ရှားတဲ့ အထောက်အထားတွေ တွေ့ရကြောင်း ကုလသမဂ္ဂနောက်ခံပြု စုံစမ်းစစ်ဆေးရေးအဖွဲ့က ဩဂုတ်လ ၁၂ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

စစ်အုပ်စု၏မဟာမိတ် လူ့အခွင့်အရေးကော်မရှင်ကို ဖယ်ရှားပေးရန် နိုင်ငံတကာသမဂ္ဂများ ပူးပေါင်းတောင်းဆို

စစ်ကောင်စီရဲ့ မဟာမိတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ကနေ ချက်ချင်းဖယ်ရှားပေးဖို့ နိုင်ငံတကာသမဂ္ဂအဖွဲ့တွေက ပူးတွဲတောင်းဆိုလိုက်ပါတယ်။