ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖားကန့်မြို့မြို့နယ် နယ်နိမိတ်အတွင်းမှာရှိတဲ့ လူတချို့ဟာ ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေဖို့ ပြုမူဆောင်ရွက်နေတာ တွေ့ရတယ်လို့ စစ်ကော်မရှင်လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဆိုပါတယ်။

ဒီအတွက်ကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုး အသုံးပြုပြီးတော့ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ နှိုးဆော်ခြင်း၊ ဖျက်ဆီးခြင်းနဲ့ ရုန်းရင်းဆန်ခတ် ပြုလုပ်ခြင်းတွေကို တားမြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဖားကန့်မြို့နယ်အတွင်းရှိ လမ်းမကြီးတွေ၊ အများပြည်သူသွားလာရာလမ်းတွေ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဥ်၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ၅ ယောက်ထက် ပိုပြီး စုဝေးခြင်း မလုပ်ဖို့အပြင် ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ကန့်သတ်ထားပါတယ်။

“စာထုတ်ပြန်တာကလေ.. ဖားကန့်တစ်ခုတည်းမဟုတ်ဘူး။ မြစ်ကြီးနားလည်း ထုတ်တာတွေ့တယ်။ မိုးကောင်း၊ မိုးညှင်း စသဖြင့် ကချင်ပြည်နယ်က တခြားမြို့တွေလည်း ထုတ်တယ်လို့ထင်တယ်။ သူတို့က ရွေးကောက်ပွဲအတွက် အနှောင့်အယှက်ဖြစ်မှာစိုးလို့၊ ရွေးကောက်ပွဲလုပ်တဲ့အခါ ရွေးကောက်ပွဲကို အဟန့်အတားဖြစ်အောင် လုပ်မှာစိုးလို့ အခုလိုထုတ်ပြန်တယ်လို့ပဲ ယူဆတယ်။ ဒီစာက ဖားကန့်တစ်ခုတည်း မဟုတ်ဘူး” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၄ ခုနှစ်အတွင်း KNU ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများမှာ စစ်ကောင်စီတပ်သား (၃၁၃၆) ဦး သေ၊ (၂၂၂၅) ဦး ဒဏ်ရာရရှိခဲ့…

ကရင်အမျိုးသားအစည်းအရုံး - KNU နယ်မြေမှာ ၂၀၂၄ ခုနှစ်တစ်နှစ်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ယောက် သေဆုံးခဲ့ပြီး (၂၂၂၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူက အနောက်ဘုန်းကန် ပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်တွေ ရော့ကတ်နဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာထဲ ရော့ကတ်ဗုံးသီးတွေနဲ့သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကိုပြောပါတယ်။
Read More

NUG အစိုးရက အကျဉ်းသားနဲ့ အကျဉ်းသူ ၁၆၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပြု၊ ကျန်အကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်ဒဏ် သုံးပုံတစ်ပုံ လျှော့ပေါ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အကျဉ်းသားနဲ့ အကျဉ်းသူ ၁၆၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး ကျန်တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်ဒဏ် ၃ ပုံ ၁ ပုံ လျှော့ပေါ့ပေးလိုက်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ နှစ်သစ်ကူးနေ့ မနက်ပိုင်းမှာ အမိန့် ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦး ပ.က.ဖ တပ်ခွဲဲ (၃) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် 21 Bagan-People Defense Force အနေဖြင့် Local PDF အဖြစ် ပြောင်းလဲရပ်တည်မည်

ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ ၃ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ 21 Bagan - People Defense Force ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး Local PDF အဖြစ် တော်လှန်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးနဲ့ ပေါင်(၃၀၀)ဗုံးတွေကို လေကြောင်းကနေ ကြဲချခဲ့တာကြောင့် ဒေသခံ ၃ ယောက် ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA တိုက်ခိုက်သီမ်းပိုက်ကာ အုပ်ချုပ်နေတဲ့ နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။