ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အဘိုးအိုတယောက် ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဆုံးစီရင်မှုဟာ အောက်တိုဘာလ ၈ ရက် မနေ့က မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဘိုးအိုနေထိုင်တဲ့ နေအိမ်ရဲ့ ရေချိုးခန်းအတွင်းမှာပဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ အဘိုးအိုဟာ အသက် ၇၄နှစ်အရွယ်ဖြစ်ပြီး မိသားစုကိစ္စအဆင်မပြေမှုတွေကြောင့် အဆုံးစီရင်သွားကြောင်း သေတမ်းစာ ရေးသွားခဲ့တယ်လို့လည်း သိရပါတယ်။

မေတ္တာညွန့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကလည်း ရပ်ကွက်ကနေ အကြောင်းကြားမှုကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ပြီး စံပြဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်းကို ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီလိုဖြစ်ရပ်မျိုးပဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့၊ မနက် ၄နာရီဝန်းကျင်အချိန်မှာ တောင်ဥက္ကလာမြို့နယ်၊ ၆ ရပ်ကွက် ဝေဇယန္တာလမ်း၊ အင်းဝ (၃) လမ်းနားက ပုဂ္ဂလိက ကုမ္ပဏီတခုက လုံခြုံရေးဝန်ထမ်းတယောက်လည်း ကိုယ့်ကိုကိုယ် ကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့ပါသေးတယ်။

ဒါ့အပြင် အောက်တိုဘာ ၂ ရက်နေ့ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်မှာ အသက် ၆၀ အရွယ် အဘွားအိုတယောက် အကြွေးမဆပ်နိုင်လို့ ရေထဲခုန်ချ သတ်သေမှုဖြစ်ပွားခဲ့ပါတယ်။ အသက် ၆၀ အရွယ် ဒေါ်ခင်ဌေးဟာ ယူထားတဲ့ နေ့ပြန်တိုးတွေတက်ပြီး ၁၅ သိန်းလောက်ဖြစ်သွားတာကြောင့် ပြန်မဆပ်နိုင်တဲ့အဆုံး စာတစောင်ရေးပြီး သတ်သေသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုတွေ မကြာမဏ ဖြစ်ပွားနေတာကြောင့် ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူနေမှုဘဝစီးပွားရေး အဖက်ဖက်ကနေ ခြွတ်ခြုံကျဆင်းလာမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြည်သူတွေ ခံစားနေရတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

(ဓာတ်ပုံ မေတ္တာညွန့် လှုမှုကူညီကယ်ဆယ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

ရန်ကုန်တက္ကသိုလ်မှ ကထိကဒေါ်ဝင်းဝင်းအောင် PDF ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ AA နှင့် ကြိုတင်ကြံစည်ပူးပေါင်းခြင်းသာ ဖြစ်ဟု စစ်ကောင်စီ ဆို

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ PDF တွေ ဖမ်းဆီးခံရတာမဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ဌာနချုပ် (၁၀၀၂) ကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့တဲ့ အိုမကျေးရွာ ဒေသခံတွေကို ကူညီထောက်ပံ့မှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိုမကျေးရွာက နေအိမ် ၁၉အိမ်ကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းက ထောက့်ပံငွေတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်ရိက္ခာကား မောင်းပေးသူတစ်ဦးကို အကြမ်းဖက် စစ်အုပ်စု သတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာကားမောင်းနှင်းလာသူတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်တပ် ဗုံးကြဲလို့ အရပ်သား ၂ ဦး‌ သေဆုံး

သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီတပ်က သင်္ကြန်အကြိုနေ့ ညပိုင်း လေကြောင်း‌ ဗုံးကြဲတိုက်ခိုက်ခဲ့ဝာာကြောင့် အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။