ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် – YDF က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ YDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အကြမ်းဖက် စစ်အာဏာသိမ်းပြီးနောက် ယောဒေသ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်နိုင်ရေးအတွက် YDF မှာ တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်အပေါင်းတို့ကို အောက်မေ့ဖွယ် ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနားအဖြစ် အောက်တိုဘာလ ၇ ရက်က YDF စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖက်ဆစ်စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးတော်လှန်ရေးမှာ ရဲဝံ့စွာ အသက်သွေးရင်းနှီး တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ တိုင်းရင်းသား၊ လူမျိုးစု အသီးသီးမှ အာဇာနည်ရဲဘော်တွေရဲ့ ဓမ္မဝါဒီထွန်းလင်းစေဖို့ ဆီမီးထွန်းညှိပူဇော်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ YDF က ဆိုပါတယ်။

ကျဆုံးသူတွေထဲမှာ ယောကာကွယ်ရေးတပ် – YDF ရဲ့ ဒုစစ်ဦးစီးချုပ် ဖြိုးဝေစိုးက ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်မှာ ရန်သူ့နယ်မြေအတွင်း အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒုစစ်ဦးစီးချုပ်အပါအဝင် ယောဒေသနဲ့ မဟာမိတ်နယ်မြေဒေသအသီးသီးမှာ စစ်အာဏာရှင်ကို စွမ်းစွမ်းတမံ တိုက်ထုတ်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ရတဲ့ YDF ရဲဘော်တွေကို တော်လှန်ရေး အာဇာနည်သူရဲကောင်းတွေအဖြစ် ကမ္ဗည်းထိုး မော်ကွန်းတင် ဂုဏ်ပြုတယ်လို့လည်း YDF က ဆိုပါတယ်။

အာဇာနည်သူရဲကောင်းတွေကို ရည်စူးတဲ့ ဆီမီးထွန်းညှိခြင်းအခမ်းအနားမှာ တက်ရောက်ပါဝင်ခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့တွေ၊ ပြည်သူတွေနဲ့ အရပ်ဖက်တာဝန်ခံတွေကိုလည်း အထူးကျေးဇူးတင်ကြောင်း ယောကာကွယ်ရေးတပ်(YDF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ မာထောတပ်စခန်းကြီးကို KNU သိမ်းပိုက်ရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)အတွင်းမှာရှိတဲ့ မာထော စစ်ကောင်စီတပ်စခန်းကြီးကို သိမ်းပိုက်ရရှိခဲ့ပြီလို့ KNU က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

သတိထားရမည့် ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်များ

လက်ရှိ မိုးရာသီရောက်ရှိလာချိန်မှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရင်က အသုံးပြုခဲ့တဲ့ စက်တပ်လေထီး (Paramotor) တွေအစား လေပြင်းတိုက်ခတ်မှုဒဏ်ကို ပိုမိုခံနိုင်တဲ့ ဂျိုင်ရိုကော်ပတာ (gyrocopter) ယာဉ်တွေကို စတင် အသုံးပြုနေပြီလို့ သိရပါတယ်။
Read More

အရပ်သားတွေကို ဗုံးမကြဲဖို့ သတိပေးတဲ့အနေနဲ့ လေတပ်ဗိုလ်မှူးရဲ့ ဂတ်စ်မီးဖိုဆိုင်ကို ဖောက်ခွဲရာ ဆယ်အိမ်မှူး သေပြီး ၂ ယောက် ထိိခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က လေတပ်​ ဗိုလ်မှူး မျိုးလွင် မိသားစုပိုင်တဲ့ ကံ့ကော်မြိုင် ဂတ်(စ်) မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်မှုမှာ ဆယ်အိမ်မှူး ၁ ယောက်သေပြီး ၂ ယောက်ထိခိုက်ကြောင်း မြို့ပြကြွက်အဖွဲ့ထံက သိရပါတယ်။
Read More

မြန်မာ့ငလျင် ထိခိုက်ပျက်စီးမှု အခြေအနေ နိုင်ငံတကာ သတင်းဌာနများ လာရောက်သတင်းယူခြင်း စစ်ကောင်စီ ခွင့်မပြု

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ မြေငလျင်ရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေတွေကို နိုင်ငံတကာ သတင်းထောက်တွေ သတင်းရယူနိုင်ရေး တောင်းဆိုနေတာကို အကြမ်းဖက်စစ်ကောင်စီက ခွင့်မပြုနိုင်ကြောင်း မတ်လ ၃၀ ရက်က ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။
Read More

မြင်းမူမှာ ဝန်ထမ်းအိမ်ရာဝန်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။