ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သာပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

အောက်တိုဘာ ၈ ရက် မနေ့က ညပိုင်းမှာ မင်းတပ်မြို့နယ်အတွင်းရှိ ၀မ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ည ၇ နာရီလောက်ဗျ၊ ထင်ချောင်းကျေးရွာကို ကြဲတာက စစ်ရှောင်တွေရှိတဲ့ စာသင်ကျောင်းကို ကြဲတာ၊ ကျောင်းသား ၃ ယောက်နဲ့ မသန်စွမ်း အမျိုးသမီး ၁ ယောက် သေတယ်ပြောတယ်ဗျ၊ ဒဏ်ရာရတာလည်း များတယ်၊ ၂၀ ကျော်တယ် ဆိုပြီး သိရပါတယ်” လို့ မင်းတပ်မြို့ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကလည်း မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့ရာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိသလို နေအိမ်နဲ့ ဟိုတယ် အဆောက်အဦး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ် (CDF)-မင်းတပ်နဲ့ မဟာမိတ်တပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က သူတို့ လက်လွှတ်ခဲ့ရတဲ့ မင်းတပ်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်နေတာဖြစ်ပါတယ်။

အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ ကြိုးပမ်းနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ မြန်မာနိုင်ငံတစ်ဝန်း လက်လွှတ် ဆုံးရှုံးထားရတဲ့ နယ်မြေတွေအပါအဝင် ပြည်သူနေထိုင်ရာနေရာတွေ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စေတီတွေ၊ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် နေ့စဥ်ဆိုသလို အရပ်သားပြည်သူ သေဆုံးထိခိုက်မှုတွေ ရှိနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲဝင်မည့် ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်းတစ်ဖြစ်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက်ကို NLD ပါတီက ထုတ်ပယ်ကြောင်း ကြေညာ

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုထားတဲ့ ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်းလည်း ဖြစ်သူ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထုတ်ပယ်လိုက်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

သီပေါမြို့မှာ သုံးရက်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ဒဏ်ရာရ၊ တစ်လတာတိုက်ပွဲအတွင်း တအာင်းဒေသမှာ အရပ်သား ၂၂ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့တွင်းသွားလာခွင့်ကို ငါးရက်တာပိတ်မည်ဟု KNDF အသိပေး

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့တွင်းအများပြည်သူတွေ ဖြတ်သန်းသွားလာမှုကို ငါးရက်တိတိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်လာပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းကနေ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားများအတွက် ကြိုဆိုပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းကနေ လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းလာတဲ့ စစ်သားတွေကို ကြိုဆိုထောက်ခံပွဲနဲ့ ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိတယ်လို့ ယင်းမာပင် ခရိုင် တပ်ရင်း (၃၅)တပ်ခွဲ (၂) GZ-21 PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်နက်ကြီး ပစ်ဖောက်ချိန်မှာပဲ စစ်အုပ်စုတွေ စခန်းစွန့်ခွာထွက်ပြေး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ရွှေစက်တော်ဘုရားနား တပ်စွဲပြီး သစ်တောထွက်ပစ္စည်းတွေနဲ့ မျိုးတုန်းပျောက်ကွယ်တော့မယ့် တိရစ္ဆာန်တွေ ခိုးထုတ်ရောင်းစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်ရာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း က ထုတ်ပြန်ပါတယ်။