“ကျွန်ုပ်တို့ ညီညွတ်လျှင် မြန်မာစစ်ရာဇဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်တယ်” လို့ မကြာသေးခင်က Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိထားတဲ့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်ခဲ့ချိန်ကစလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်လှုပ်ရှားမှုတွေ ကျူးလွန်လာခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူလူထုကလည်း အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်းကို ဖြိုခွင်းဖို့နဲ့ အာဏာရှင် ကင်းစင်တဲ့ အနာဂတ်နိုင်ငံကို တည်ဆောက်ဖို့အတွက် အသက်အန္တရာယ်ကို ပဓာနမထားဘဲ သတ္တိရှိစွာ ခုခံတွန်းလှန် တိုက်ပွဲဝင်နေတယ်လို့ JFM က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က နိုင်ငံတကာစီးပွားရေးကွန်ရက်တွေနဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေကို တရားမဝင်ကုန်သွယ်မှုတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကတဆင့် ဝင်ငွေရရှိနေပြီး ရာဇဝတ် ဂိုဏ်းတစ်ခုသဖွယ် လုပ်ဆောင်နေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာက ကော်ပိုရေးရှင်းလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာလည်း အမြတ်အစွန်းရရှိရေးအလို့ငှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇ၀တ်မှုတွေကို လောင်စာမီးထိုးကာ အားပေးထောက်ကူနေတယ်လို့ JFM က ပြောပါတယ်။

Justice For Myanmar က အဲဒီရာဇဝတ်ဂိုဏ်းကို ဖော်ထုတ် ဖြိုဖျက်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှု တစ်ခုချင်းစီနဲ့ တစ်ကြိမ်ပြီးတစ်ကြိမ် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းနဲ့ ကမ္ဘာအနှံ့ရှိ ပြည်သူလူထုအပေါင်းက စုပေါင်းလုပ်ဆောင်မှုတွေရဲ့ ရလဒ် အဖြစ် နိုင်ငံစုံကော်ပိုရေးရှင်းတွေက အကြမ်းဖက်စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ဒေါ်လာသန်းရာချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းခဲ့တဲ့အပြင် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေကလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ကမ္ဘာလုံးဆိုင်ရာ အသက်သွေးကြောတွေကို ဖြတ်တောက်ပေးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်စစ်အုပ်စုကို ရန်ပုံငွေများ၊ လက်နက်များ၊ လေယာဥ်လောင်စာဆီနဲ့ တခြားပံ့ပိုးမှု အလုံးစုံကို ဖြတ်တောက်ခြင်းနဲ့ စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းပါ။ မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ပါ။ စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းပါ” လို့ JFM က တိုက်တွန်းထားပါတယ်။

အကြမ်းဖက် မြန်မာစစ်တပ်နဲ့ စီးပွားရေးချိတ်ဆက်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ထုတ်ဖို့နဲ့ အဲဒီ ကုမ္ပဏီတွေအပေါ်  ဖိအားပေးတဲ့အနေနဲ့ အကြမ်းဖက်စစ်တပ်ဆီ ဘဏ္ဍာငွေစီးဆင်းနေမှုကို ဖြတ်တောက်ဖို့အတွက် နိုင်ငံတကာအစိုးရတွေကို ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်အကောင်အထည်ဖော်ဖို့ ဖိအားပေးဖို့လည်း JFM က တိုက်တွန်းထားပါတယ်။

JFM အဖွဲ့ဟာ ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ်လည်း ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ လူသားအားလုံးအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ရေရှည်တည်တံ့မှုတို့အတွက် ကြိုးပမ်းဆောင်ရွက်တဲ့ ကမ္ဘာတဝန်းက အပြောင်းအလဲ ဖော်ဆောင်နိုင်သူတွေကို အသိအမှတ်ပြု ပေးအပ်တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဗုံးခိုကျင်းတည်ဆောက်ရေးနှင့် အသိပညာပေးလုပ်ငန်းတွေအတွက် ငွေကျပ် (၁၈.၂) ဘီလီယံအထိ အသုံးပြုထား

ဗုံးခိုကျင်းတည်ဆောက်ရေးနဲ့ အသိပညာပေးလုပ်ငန်းတွေအတွက်  ငွေကျပ် (၁၈.၂) ဘီလီယံအထိ အသုံးပြုထားကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်နဲ့ ဇီးကုန်းက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ယောက်သေ၊ ၃ ယောက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကြောင်းကြောင့် အရပ်သားတွေနေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇာမင်းက မောင်းကို ပြောပါတယ်။
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

မိုးကုတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၆) ဦး၊ နေအိမ် (၆) လုံး ဒဏ်ရာရ ပျက်စီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအ၀င် အရပ်သားပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာအသုံးပြုတဲ့ အလေ့အကျင့်ရှိဖို့ လိုပြီလို့ မီးမှန်မှန် မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ် အသုံးပြုတဲ့ အလေ့အကျင့်ကို လုပ်ကြဖို့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။  
Read More

မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေး ၂ ဦးအပါ ပြည်သူ ၇ ဦး သေဆုံး

ရှမ်းပြည်နယ်‌မြောက်ပိုင်းက မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။