မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ရှော့တိုက်ဒုံးအပစ်ခံထားရတဲ့ ခလရ ၅၀တပ်က အကြမ်းဖက်စစ်အုပ်စုဟာ မြို့အနောက်မြောက်ဖက်ခြမ်း စိုင်ဒူးကျေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၈ရက် မနေ့က နေ့လယ်ပိုင်းမှာ ဂန့်ဂေါမြို့အခြေစိုက် အမှတ် (၅၀) ခြေလျင်တပ်ရင်းကနေ ထွက်ခွာလာတဲ့ အင်အား ၁၀၀ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ မြို့အနောက်မြောက်ဘက်၊ မြစ်သာမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ စိုင်ဒူးကျေးရွာကို သေနတ်တွေ ပစ်ဖောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ ခလရ ၅၀ နဲ့ မြို့မရဲစခန်းရှိရာကို ရှေ့ာတိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်အုပ်စုက အခုလို စစ်ကြောင်းထိုးလာခဲ့တာ ဖြစ်တယ်လို့ ကိုမင်းဒဿက ပြောပါတယ်။

စစ်ကြောင်းဟာ စိုင်ဒူးရွာအတွင်းက လူနေအိမ် ၃လုံးနဲ့ အဆောက်အဦး ၁လုံးကို မီးရှို့ဖျက်ဆီးပြီး ညနေပိုင်းမှာပဲ မြို့ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။

“သီတင်းကျွတ်လပြည့်နေတုန်းက ရှော့ဒုံးနဲ့ လာပစ်တာခံရလို့ အငြိုးထားပြီး တမင်မီးလာရှို့တာပါ။ သူတို့ အားခဲထားတဲ့ပွဲ ပျက်သွားတယ်လေ။ အဲ့ဒါကြောင့်ပါ။ ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ မြစ်သာမြစ်ကူးတံတားဖြစ်တဲ့ စိုင်ဒူးတံတားကတဆင့် ဝင်ရောက်လာရာမှာ တော်လှန်ရေးတပ်တွေက ပြောက်ကျားစောင့်ကြိုတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

“စိုင်ဒူးကိုအလာ တံတားထိပ်နားအရောက်မှာ သူတို့ ခြုံခိုတိုက်ခိုက်ခံရသေးတယ်ဗျ။ စခ အချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ အဲ့မှာ သွားလာနေတဲ့ ကုန်ကားတွေကို အကာအကွယ်ယူပြီး စိုင်ဒူးကို တက်လာတာပါပဲ။ ကုန်ကားသမားတွေကို အတင်းမောင်းခိုင်းတာပေါ့။ နောက်ကနေ သူတို့ကလိုက်လာပြီး ရွာကို သေနတ်ဖောက်ဝင်တာပါ။” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကိုပြောပါတယ်။

“ရွာထဲဝင်ပြီး သိပ်အကြာကြီးမနေဘူး။ တလရ ဖက်က လာပြန်တိုက်မှာကိုကြောက်ပြီး နောက်ကျောမလုံတော့ ချက်ချင်းပြန်ဆုတ်သွားပါတယ်။ ပစ္စည်းတွေတောင် ယူမသွားပါဘူး။” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ရက် ညနေပိုင်းက ဂန့်ဂေါမြို့ပေါ် ခလရ ၅ဝတပ်အပါအဝင် မြို့မရဲစခန်းနဲ့ ရှောက်ပင်ရွာ စစ်အုပ်စုကာကင်းစခန်းတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ စစ်အုပ်စုတွေဟာ မြို့နဲ့အနီးပတ်ဝန်းကျင်နေရာတွေဆီ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ဆိုသလို ရမ်းကားပစ်ခတ်ရင်း အခုလို အင်အားသုံး စစ်ကြောင်းထိုးလာခဲ့တာလည်း ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့သည့် စိုင်ဒူးရွာ မြင်ကွင်း (ဓာတ်ပုံ ယောအလင်းတန်း)

0 Shares:
You May Also Like
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲတွေထဲက အောင်ပွဲရခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို Force for Federal Democracy ထုတ်ပြန်ဖော်ပြ… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်အရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ရဲ့စစ်ရေးဦးဆောင်မှုအောက်မှာ Force for Federal Democracy - FFD နဲ့ ပူးပေါင်း Drone အဖွဲ့တွေရဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေက အောင်ပွဲအချို့ရဲ့ မှတ်တမ်းပုံရိပ်တွေကို FFD က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ရုံး လက်ပစ်ဗုံး ပစ်၊ မိုင်းခွဲခံရပြီး ပျူစောထီး ၂ ဦးနှင့် ရဲ ၁ ဦး အပြင်းထန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်ရုံးကို စက်တင်ဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ဆင်ရေးဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်နဲ့ ဖလမ်းမှာ Chinland Council တပ်ဖွဲ့တွေ အနှောက်အယှက်မပေးဖို့ ချင်းညီနောင်တို့ တောင်းဆို

ချင်ညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မင်းတပ်နဲ့ ဖလမ်းတို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ စတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်နယ်အတွင်း စစ်တပ်ကင်းစင်ရေးဖော်ဆောင်ရာမှာ Chinland Council တပ်ဖွဲ့တွေအနေနဲ့ အနှောက်အယှက်မပြုဖို့ကို ချင်းညီနောင်တို့မှ သဘောထားချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

ယင်းမာပင် ပကဖ ရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။