စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု စခန်း ၆ ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းငှက်စစ်ဆင်ရေးအဖြစ် ၂ လနီးပါး တိုက်ခိုက်သိမ်းပိုက်ရင်း စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်က စတင်ခဲ့တဲ့ “သိမ်းငှက်စစ်ဆင်ရေးအတွင်း” မော်လိုက်မြို့နယ်ထဲက ထော်သာ၊ တောင်းအင်၊ ညောင်ဝန်း၊ နားပင်၊ အော်ဇီးခုံ၊ နောင်ပိန်းရွာ စတဲ့ စစ်အုပ်စုစခန်း ၆ ခုကို မော်လိုက်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားကြောင်း သိရပါတယ်။

တော်လှန်ရေးတပ်တွေက သြဂုတ်လ ၁၅ ရက်နေ့မှာ  ထော်သာရွာစစ်အုပ်စုစခန်းကို စတင်သိမ်းပိုက်ရရှိခဲ့ပြီး ပျူစောထီးခေါင်းဆောင် အဲပန်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်နဲ့ ပျူစောထီးမိသားစုဝင် ၁၉၀ ကျော်ကို ဖမ်းဆီးရရှိခဲ့ပါတယ်။

ဒါ့အပြင် နောက်နှစ်ရက်ကြာ သြဂုတ်လ ၁၈ ရက်နေ့မှာလည်း အကြမ်းဖက်စစ်ကြောင်းထဲက တပ်မ ၈၈ လက်အောက်ခံ စစ်သား၂ ယောက်ကို တော်လှန်ရေးတပ်တွေ ထပ်ပြီး အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

အလားတူပဲ အော်ဇီးခုံရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ချိန်မှာလည်း ပြည်သူ့စစ် ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

တော်လှန်ရေးတပ်တွေ ထော်သာစခန်းသိမ်းပိုက်ရရှိချိန်နဲ့ နားပင်စခန်းရရှိနေချိန်တွေမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့လည်း မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက ပြောပါတယ်။

သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း လုပ်ဆောင်ခဲ့တဲ့ “သိန်းငှက်စစ်ဆင်ရေး”ကို မော်လိုက် တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ခရိုင် တပ်ရင်း ၄ခု (၁၊ ၂၊၃၊ ၄) နဲ့အတူ မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)၊ ခရိုင်ကွပ်ကဲရေးရုံးတိုက်ခိုက်ရေးအဖွဲ့ တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အောင်ပွဲတွေနဲ့အတူ ထိခိုက်ပေးဆပ်ရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

“စစ်ဆင်ရေးထဲ ကိုယ့်ဘက်က ထိုးစစ်တွေလုပ်ခဲ့သလို သူတို့ဘက်ကလည်း တန်ပြန်ထိုးစစ်လုပ်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြန်လန်သွားကြတာချည်းပါပဲ” လို့ မော်လိုက်ခရိုင် တပ်ရင်း ၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုတွေဟာ ကင်းတပ်၊ ဆွတ်နန်းနဲ့ တွန်းပင်ကျေးရွာတွေမှာ ခံစစ်ပြင် တပ်စွဲနေတဲ့အတွက် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“၂ လကြာ စစ်ဆင်ရေးလို့ ပြောလို့ရပါတယ်။ စခန်းကုန်းတွေသိမ်းတော့ ထွက်ပြေးသွားတဲ့သူတွေက ကင်းတက်ရွာအုပ်စုထဲ ထွက်ပြေးသွားပြီး ခံစစ်ပြင်ကြတဲ့ အနေအထားတော့ရှိပါတယ်” လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန် တော်လှန်ရေးအင်အားစုတွေရှိရာကို လက်နက်ယူထွက်ပြေးခိုလှုံလာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းငှက်စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိထားသည့် စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ မော်လိုက်တော်လှန်ရေးအင်အားစု)

0 Shares:
You May Also Like
Read More

ဝမ်းတွင်းတွင် ဘော်ဒါနေ ကျောင်းသားပါမချန် စစ်ကောင်စီ ပေါ်တာဆွဲဖမ်းဆီး၊ စစ်ရှောင်လာသူများကို လက်မခံကြဖို့လည်း စစ်တပ်နှင့် ရပ်ကွက်အာဏာပိုင်များက လိုက်လံအမိန့်ပေးနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီက မြို့အနှံ့ပတ်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့စဥ်ရက်ဆက် လုပ်ဆောင်နေသလို စစ်ဘေးရှောင်လာသူတွေကိုလည်း မြို့နယ်အတွင်း လက်မခံဘဲ မောင်းထုတ်နေကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကရင်နီတွင် အပိုင်းအစများ ဖြစ်သွားသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်

အကြမ်းဖက်စစ်ကောင်စီက ပျောက်ဆုံးကြောင်း ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီလေယာဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ပြည်ပသွင်းကုန်များ လျှော့ချကာ စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ပြည်ပကနေ တင်သွင်းနေသမျှ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှလျှော့ချပြီး စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

တောင်သာမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ် လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ - တောင်သာမြို့နယ်ဆီက သိရပါတယ်။
Read More

ကြို့ပင်ကောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးနောက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်း ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီးနောက် ပြန်ဆုတ်ချိန်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့် ဒေသများမှာ PDF များ ကူညီကယ်ဆယ်ရေး လုပ်ဆောင်

ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။