အခုရက်ပိုင်းအတွင်း ရွှေဈေးက ၂သိန်းဝန်းကျင်မြင့်တက်လာကြောင့် အရောင်းအဝယ်ဈေးကွက်ထဲမှာ ရွှေရောင်းချသူတွေ များနေပြီး ဝယ်ယူသူတွေ နည်းပါးနေတယ်လို့ ရွှေကုန်သည်တွေထံက သိရပါတယ်။

လက်ရှိ ကမ္ဘာ့ရွှေဈေးကွက်ဟာ အမြင့်ဆုံးဈေးတန်းဖြစ်တဲ့ တအောင်စ ၄၀၄၉ ဒေါ်လာ ဝန်းကျင်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးတက်လာတာနဲ့အတူ မြန်မာရွှေဈေးဟာလည်း ၈၂ သိန်းဝန်းကျင်ကို ရောက်ရှိလာပြီး တရက်တည်းအတွင်းမှာတင် ၂သိန်းနီးပါး ခုန်တက်လာခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့ပေါက်ဈေးက ၈၂သိန်းဖြစ်နေပြီ။ ဈေးတွေတအားတက်လာတော့ အရောင်းများပြီး အဝယ်နည်းတယ်။ ဈေးက အမြင့်ဆုံးအချိန်ဆိုတော့ ဝယ်တဲ့သူတွေ တော်တော်ကိုရှားတယ်။ လက်ထဲမှာ ငွေကိုင်မထားချင်သူတွေ လောက်ပဲ လာဝယ်ကြတယ်။ ရွှေဈေးက ရုတ်တရက်ကြီး ထိုးတက်လာတော့ ကျမတို့တောင် မခန့်မှန်းတတ်တော့ဘူး။ တအားကို တက်နေတာ။ ပြန်ကျဖို့လည်း လတ်တလောတော့ မမြင်မိသေးဘူး။ လာရောင်းသမျှပဲ ပြန်ယူနေရတဲ့ အခြေအနေပဲ” လို့ ရွှေကုန်သည်တယောက်က မောင်းကို ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က တအောင်စ ၃၈၅၈ ဒေါ်လာ ဈေးတန်းမှာ ရှိခဲ့ပေမယ့် တပတ်ကျော်အတွင်းမှာတင် ဒေါ်လာ ၁၉၀ ကျော်အထိ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ထပ် ရွှေကုန်သည်တယောက်ကလည်း “ရွှေဈေးတက်တော့ အဝယ်အရောင်း ဆိုတာထက်ကို အပေါင်သမားတွေလည်း တော်တော်များလာတယ်။ အခုဈေးကတော့ ထပ်တက်ဦးမယ်လို့ ထင်တယ်။ ဘာလို့လဲ ဆိုတော့ မှတ်မှတ်ရရ မနှစ်ကလည်း ၈လပိုင်းလောက်မှာ ရွှေဈေးက စံချိန်တင်ပဲ ထိုးတက်သွားဖူးတယ်။ ပြီးတော့မှာ တဖြည်းဖြည်း ပြန်ကျတာ ပြီးတော့ အခုပြန်တက်ပြန်ရောပေါ့နော်” လို့ ဆိုပါတယ်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ရောင်းဈေး ၈၂ သိန်း ၃ သောင်းဝန်းကျင်နဲ့ ဝယ်ဈေး ၈၁သိန်း ၉သောင်းဝန်းကျင်ရှိနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
Read More

မင်းတပ်ကို နှစ်လအတွင်း စစ်ကောင်စီ လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များရှိနေသည့် ကျေးရွာစာသင်ကျောင်း လေယာဥ်ဖြင့်ဗုံးကြဲခံရပြီး ၄ဦးသေ၊ အများအပြားထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်ဘေးရှောင်တွေရှိတဲ့ ကျေးရွာ၂ရွာကို လေကြောင်း တိုက်ခိုက်မှုတွေ ရမ်းကားလုပ်ဆောင်ခဲ့ရာ အမျိုးသမီးတွေအပါအဝင် ၄ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ရှိသူ၁ယောက်ကမောင်းကိုပြောပါတယ်။ နိုဝင်ဘာလ ၇ရက်၊ မနေ့က နေ့လည်၁၂နာရီခွဲအချိန်ကစလို့ စစ်အုပ်စုရဲ့ မိတ္ထီလာလေဆိပ်တက် ဂျက်ဖိုက်တာ၁စီးက စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု၂ကြိမ်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
Read More

စစ်ကောင်စီ ဘက်ဂျက်ငွေ အကြောင်းပြပြီး ထောင်မှာ အစားအသောက်‌ လျှော့ကျွေး

အာဏာသိမ်း စစ်ကောင်စီဟာ ဘက်ဂျက်ငွေကို အကြောင်းပြပြီး အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို အစားအသောက်တွေ လျှော့ကျွေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

လက်ရှိ ရေကြီးမှုဟာ ၅၈ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး လာမယ့်နှစ် တောင်ငူခရိုင်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်နိုင်တယ်လို့ KNU ထုတ်ပြန်

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း စက်တင်ဘာလ (၁၄) ရက်က စတင်ကာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၇၅) ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ခန့် ရေဘေးသင့်လျက် ကျောင်း (၁) ကျောင်း ပျက်စီးကာ လူ (၇) ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် သက်တမ်းနှင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ရှိမရှိ ဆက်ဆွေးနွေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အခြားအစီအစဉ်တွေနဲ့အတူ ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်မလွှတ် ဆက်လက်ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က စနေနေ့မှာ ပြောပါတယ်။