တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပုဂေါ်ဇွန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ကြံ့ခိုင်ရေးပါတီ အမတ်ရဲ့ နေအိမ်အပါအဝင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ပုဂေါ်ဇွန်းကျေးရွာကို အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီး၊ ရွှေငွေတွေကို အတင်းအဓမ္မ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဧကနိကျေးရွာကို စစ်ကြောင်းထိုးချိန်မှာတော့ စက်တင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကစပြီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်ဟာ ကျေးရွာအတွင်း နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်တဲ့နေအိမ်တချို့ကိုလည်း ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ မီးရှို့ခံရတဲ့ အိမ် ၁၀ လုံးထဲမှာ ကြံ့ခိုက်ရေးအမတ်ရဲ့ နေအိမ်နဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံတဲ့နေအိမ် ၅ လုံးလည်း ပါဝင်တယ်လို့ ဒူရကစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂ရက်ကြာတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၃ ယောက် သေဆုံးပြီး သေဆုံးအလောင်းတွေကို ရွာထဲမှာ ပစ်ထားခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေက သင်္ချိုင်းမှာ မီးသင်္ဂြိုဧ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း၊ ဒေါနတပ်ရင်း တပ်ခွဲ (၆)၊ ရေဖြူတောင်ပိုင်း ဝေဟင်တပ်၊ ထားဝယ်ခရိုင် တပ်ပေါင်းစု၊ ရေဖြူမြို့နယ်အခြေစိုက် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် ၁ယောက် မြင့်မြတ်စွာ ကျဆုံးကာ ၃ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရေဖြူမြို့နယ်အတွင်း တိုက်ပွဲဝင်နေသည့် တော်လှန်ရေးရဲဘော်များ (ဓာတ်ပုံ ဒူရကစစ်ကြောင်း)

0 Shares:
You May Also Like
Read More

ဟားခါးမှာ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် CDF ဟားခါးက ဆုငွေချီးမြှင့်ခဲ့တယ်လို့ Chinland Defense Force - CDF ဟားခါးက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

နှစ်ပေါင်း ၃၀ ကြာပြီးနောက် မာနယ်ပလောမှာ ပထမဆုံးအကြိမ် ကရင့်တော်လှန်ရေးနေ့ ပြန်လည်ကျင်းပ

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဝမ်းတွင်းမှာ စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတဲ့ ပျုစောထီးမိသားစု ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု တမာကန်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်လွင်နဲ့ မိသားစုဟာ ကျေးရွာနေ ပြည်သူတွေဆီက စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) အဖွဲ့ထံက သိရပါတယ်။
Read More

ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ၃ နှစ်ပြည့် ဆွမ်းကျွေးအမျှဝေအလှူ… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက်၊ ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံး ရဲ‌‌‌ဘော် ၂ ယောက်ရဲ့ (၃) နှစ်ပြည့် ဆွမ်းကျွေး အမျှပေးဝေအလှူ ပြုလုပ်ခဲ့တယ်လို့ Khut Daung Company Saw PDF က မနေ့က ထုတ်ပြန်ပါတယ်။