ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် – YDF က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ YDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အကြမ်းဖက် စစ်အာဏာသိမ်းပြီးနောက် ယောဒေသ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်နိုင်ရေးအတွက် YDF မှာ တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်အပေါင်းတို့ကို အောက်မေ့ဖွယ် ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနားအဖြစ် အောက်တိုဘာလ ၇ ရက်က YDF စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖက်ဆစ်စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးတော်လှန်ရေးမှာ ရဲဝံ့စွာ အသက်သွေးရင်းနှီး တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ တိုင်းရင်းသား၊ လူမျိုးစု အသီးသီးမှ အာဇာနည်ရဲဘော်တွေရဲ့ ဓမ္မဝါဒီထွန်းလင်းစေဖို့ ဆီမီးထွန်းညှိပူဇော်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ YDF က ဆိုပါတယ်။

ကျဆုံးသူတွေထဲမှာ ယောကာကွယ်ရေးတပ် – YDF ရဲ့ ဒုစစ်ဦးစီးချုပ် ဖြိုးဝေစိုးက ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်မှာ ရန်သူ့နယ်မြေအတွင်း အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒုစစ်ဦးစီးချုပ်အပါအဝင် ယောဒေသနဲ့ မဟာမိတ်နယ်မြေဒေသအသီးသီးမှာ စစ်အာဏာရှင်ကို စွမ်းစွမ်းတမံ တိုက်ထုတ်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ရတဲ့ YDF ရဲဘော်တွေကို တော်လှန်ရေး အာဇာနည်သူရဲကောင်းတွေအဖြစ် ကမ္ဗည်းထိုး မော်ကွန်းတင် ဂုဏ်ပြုတယ်လို့လည်း YDF က ဆိုပါတယ်။

အာဇာနည်သူရဲကောင်းတွေကို ရည်စူးတဲ့ ဆီမီးထွန်းညှိခြင်းအခမ်းအနားမှာ တက်ရောက်ပါဝင်ခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့တွေ၊ ပြည်သူတွေနဲ့ အရပ်ဖက်တာဝန်ခံတွေကိုလည်း အထူးကျေးဇူးတင်ကြောင်း ယောကာကွယ်ရေးတပ်(YDF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ ဆိုင်ကယ် ကယ်ရီသမား အဖမ်းခံရတာကို PDF အလင်းဝင်တယ်ဆိုပြီး စစ်အုပ်စု တမင်ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဂန့်​ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားတဲ ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့က သပိတ်ကျင်းမြို့နယ် (ပကဖ) အဖွဲ့ ၊ နွေဦးမေနဲ့ သွေးချင်းညီမများအဖွဲ့နဲ့အတူ စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ဇန်နဝါရီလ ၇ ရက်မှာ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။
Read More

မြေပြင်မှာ သုံး၊ လေး၊ ငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ စိုးမိုးနယ်မြေတွေ ကျယ်ဝန်းလာပြီဟု NUG ယာယီသမ္မတ ပြောကြား နှစ် ၇၀ ကျော် အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ချေမှုန်းဖို့ တော်ရုံ ဇွဲသတ္တိ၊ အားထုတ်မှုမျိုးနှင့် မရနိုင်ကြောင်း ယာယီသမ္မတ သတိပေး

မြန်မာနိုင်ငံတစ်ဝန်း လက်ရှိအချိန်မှာ တော်လှန်ရေးတပ်တွေရဲ့ မြေပြင်စိုးမိုးနိုင်မှုဟာ သုံး၊ လေး၊ ငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။