ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်းသားလို့ နိုင်ငံတကာက သတ်မှတ်ထားပေမယ့် နိုင်ငံရေးပုဒ်မ မဟုတ်ဘဲ အစိုးရတစ်ရပ်ဖြစ်ခဲ့ချိန်က အကျင့်ပျက်လာဘ်စားမှုပုဒ်မတွေနဲ့ တရားစွဲခံထားရပြီး ပြစ်ဒဏ်ကျခံနေရတာ ဖြစ်တယ်လို့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင်က သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ နိုင်ငံတကာက နိုင်ငံဖွံဖြိုးတိုးတက်ဖို့ပေးတဲ့ အကူအညီတွေ၊ နည်းပညာအထောက်အပံ့တွေအတွက် ငွေများစွာ ရရှိခဲ့ချိန် သုံးစွဲရာမှာ စိစစ်သေချာစွာ ဘဏ္ဍာရေးစည်းမျဥ်းနဲ့ ကိုက်ညီအောင် မသုံးစွဲခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ခံရတာ ဖြစ်တယ်လို့လည်း ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။

“နိုင်ငံရေးအကျဉ်းသားလို့ နိုင်ငံတကာကတော့ သတ်မှတ်တာရှိပါတယ်။ သို့သော်လည်း တကယ်တမ်း ပုဒ်မတွေကတော့ နိုင်ငံရေးပုဒ်မတွေ မဟုတ်ပါဘူးရှင့်။ အစိုးရတစ်ရပ်ဖြစ်ဖူးတဲ့အချိန်မှာ အကျင့်ပျက်လာဘ်စားမှု ပုဒ်မတွေနဲ့ တရားစွဲခံထားရပြီး ပြစ်ဒဏ်ကျခံနေရတာ ဖြစ်ပါတယ်”လို့ PPP ဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြောဆိုခဲ့ပါတယ်။

အဆိုပါအဖြစ်အပျက်တွေဟာ နိုင်ငံသူ နိုင်ငံသားတွေ သိသင့်တဲ့ကိစ္စ ဖြစ်တာကြောင့် ပြောဆိုရတာဖြစ်တယ်လို့လည်း ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။

အသက် (၈၀) အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတာ ၅ နှစ်နီးပါး ရှိနေပြီဖြစ်ကာ ပုဒ်မ ၁၄ ခုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရပါတယ်။

“နိုင်ငံတကာက နိုင်ငံရေးအကျဉ်းသားလို့ နာမည်တပ်ထားတာပေါ့။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဘူး။ အကျင့်ပျက်လာဘ်စားမှုဆိုတဲ့ ပုဒ်မတွေနဲ့ တရားစွဲခံထားရပြီတော့ တကယ်လည်း စစ်ဆေးပေါ်ပေါက်လို့ တကယ်ပြစ်ဒဏ်ကျခံရတာ ဖြစ်ပါတယ်။”လို့ ဒေါ်သက်သက်ခိုင်က ထပ်မံပြောဆို တိုက်ခိုက်ခဲ့ပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ၂၀၁၄ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတဆင့် နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်လာခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ ဒေါ်သက်သက်ခိုင်ကို ဒဂုံမြို့နယ်ရဲ့ NLD မြို့နယ်ဗဟိုအလုပ်အမှုဆောင်တာဝန်နဲ့ ပါတီတာဝန်တွေကနေ ယာယီရပ်ဆိုင်းလိုက်ပြီးနောက် ဒေါ်သက်သက်ခိုင် NLD ပါတီကနေ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၂၀ ရွေးကောက်ပွဲမှာ PPP ပါတီဥက္ကဌအဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ မရမ်းကုန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် NLD မှ ဒေါ်မေဝင်းမြင့်က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဒေါ်သက်သက်ခိုင်ဟာ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ကြိုတင် မဲဆွယ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောင်းပို့သည့် ဆိုင်ကယ်ကို ကားဝင်တိုက်ပြီး ကျောင်းသား ၂ဦးနှင့် အမျိုးသမီး ၁ဦး စိုးရိမ်ရ

“ထိတာက ကလေးက ခြေထောက်ထိတယ်။ ခေါင်းတွေထိတယ်။ လွင့်ထွက်သွားတာဆိုတော့ ဘာတွေကျိုးကုန်မှန်းတော့ မသိဘူး။ ဓာတ်မှန်တွေဘာတွေရိုက်မှ သိရမယ်။ ကားကကျော်တက်ပြီး အနောက်ကနေ တိုက်သွားတာ.. ကလေးတွေနဲ့ ကျောင်းသားမိဘတစ်ယောက်က အခြေအနေမကောင်းလို့ ဘားအံကို ပို့ထားလိုက်တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရလို့ ရွာမှာပဲကျန်ခဲ့တာ” လို့ ကမမောင်း နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

တီးတိန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား (၂) ဦး ခဲယမ်းအချို့နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ CDF Civic Defense Militia - Siyin က ထုတ်ပြန်ထားပါတယ်။
Read More

ထီးလင်းတွင် နှစ်ခြမ်းကွဲနေသည့် ပကဖ ပြန်လည်ပေါင်းစည်းပြီးနောက် ပအဖလည်း ပေါင်းစည်းနိုင်ဖို့ မျှော်လင့်နေကြ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ နှစ်ခြမ်းကွဲနေခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည်ပေါင်းစည်းနိုင်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)လည်း မကြာခင်ပေါင်းစည်းနိုင်ဖို့ မျှော်လင့်ကြောင်း ယောဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက မောင်းကိုပြောပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဖာပွန်ခရိုင်တပ်ရင်း ၁ က ဇန်နဝါရီလမှာ မြေပြင်နဲ့ ဝေဟင်စစ်ဆင်ရေး ၉ ကြိမ် ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ (P27001) -Spring Warriors Column က ဇန်နဝါရီ ၁ လအတွင်း ညောင်လေးပင်ခရိုင်မှာ မြေပြင်နဲ့ ဝေဟင် စစ်ဆင်ရေး ၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။