ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel မှာ အမျိုးသမီးငယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့သူနဲ့ အလောင်းဖျောက်ဖျက်ရာမှာ ပူးပေါင်းပါဝင်သူတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၆ ရက် မနက်ပိုင်းက 32nd Beauty Land Hotel၊ ၅ လွှာ၊ အခန်းအမှတ် ၅၀၂ ပြတင်းပေါက်အပြင်ဘက်မှာ အသတ်ခံထားရတဲ့ အသက် ၂၃ နှစ်အရွယ် မစုမြတ်ဝင်းရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကတော့ သာကေတမြို့နယ်၊ အမှတ် ၇ အရှေ့ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နဲ့ အလောင်းဖျောက်ရာမှာ ကူညီသူက သမီးရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေ အသက် ၁၈ နှစ်အရွယ် အေမွန်အောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့ဝင်တွေက မှုခင်းဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် သွားရောက်စစ်ဆေးခဲ့ရာ ပလတ်စတစ် အမှိုက်အိတ်အတွင်း သတ်ဖြတ်ခံထားရပြီး ဝမ်းတွင်းကလီစာတွေနဲ့ ဝဲဘက်ပေါင်အသားတွေ လှီးဖြတ်ထုတ်ယူခံထားရတဲ့ အသက် (၂၀) ခန့်အရွယ် အမည်မသိအမျိုးသမီး အလောင်းကို တွေ့ရှိခဲတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူ ၂ ယောက်ကိုတော့ အောက်တိုဘာလ ၇ ရက် နေ့လယ်ပိုင်းမှာ သူတို့ရဲ့နေအိမ်တွေမှာပဲ ဖမ်းဆီးရမိခဲ့ပြီး အောင်ခန့်ကျော်ဇင်ရဲ့ နေအိမ်ကနေ ပြစ်မှုကျူးလွန်ချိန် ဝတ်ဆင်အသုံးပြုခဲ့တဲ့ အဝတ်အစားတွေ၊ စတီးဓား နှစ်ချောင်း၊ သေဆုံးသူ ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။

စစ်ကော်မရှင်က ထုတ်ပြန်သည့် ဓာတ်ပုံ

ပြစ်မှုကျူးလွန်သူ အောင်ခန့်ကျော်ဇင်ရဲ့ ထွက်ဆိုချက်အရ ဂိမ်းအလွန် အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်တဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေ အလွန်အကျွံ ကြည့်ရှုလေ့ရှိတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာ ၅ ရက်မှာတော့ LEADER အမည်ရှိ Telegram Channel ကတစ်ဆင့် မစုမြတ်ဝင်းကို ပျော်ပါးဖို့အတွက် အခကြေးငွေနဲ့ ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ်(၅၀၂)မှာ ပျော်ပါးနေချိန် ကြည့်ရှုခဲ့ဖူးတဲ့ လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲတွေက ဇာတ်ဆောင်တွေအတိုင်း အသင့်ဆောင်ထားတဲ့ စတီးဓား နှစ်ချောင်းနဲ့ ရက်စက်စွာသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူဟာ သေဆုံးသူရဲ့ ဝမ်းတွင်းကလီစာတွေနဲ့ ဝဲဘက်ပေါင်အသားတွေကို လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်တာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲ့ဒီနောက် ပြစ်မှုကျူးလွန်သူဟာ ရည်းစားဖြစ်သူ အေမွန်အောင်ကို အဆိုပါဟိုတယ်ဆီ ခေါ်ဆောင်ကာ အခန်းအတွင်းပေကျံနေတဲ့ သွေးတွေ သန့်ရှင်းရေးပြုလုပ်စေကာ သေဆုံးသူရဲ့ အလောင်းကို ဖျောက်ဖျက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ ကနဲလေး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ ခွေးဘီလူးကား မြင်းခြံ အနိမ့်လမ်းပေါ်မှာ မိုင်းဆွဲခံရပြီး ၂ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ခွေးဘီလူးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း လေကြောင်းဒဏ်သင့်ပြည်သူတွေအတွက် သွေးကြွေးဆပ်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ဟားခါးတွင် အရပ်သားဟန်ဆောင် သတင်းထောက်လှမ်းနေသည့် ရဲ ၂ ဦးကို ဖမ်းဆီးရမိ…

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အရပ်သားပြည်သူ ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ ရဲ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ People's Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။
Read More

မန္တလေးတိုင်းတွင်း တော်လှန်ရေးတပ်များ စိုးမိုးရာနေရာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနေ

မန္တလေးတိုင်းအတွင်းက ငလျင်ဒဏ်သင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။