မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းနဲ့ တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ We Love Myaing က အောက်တိုဘာ ၇ ရက် မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၇ ရက် မနေ့က မနက်စောပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးလေတပ်ကနေ တက်လာတဲ့ Y- 12ဗုံးကြဲ လေယာဉ်တစ်စီးနဲ့ မြိုင်မြို့နယ်တောင်ပိုင်း တွင်းမအုပ်စုအနီးကို တိုက်ခိုက်မှု ၅ ကြိမ်မှာ ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ရွာနဲ့ မှန်ရင်းရွာအကြားရေနံမှော်ဒေသကိုလည်း ပခုက္ကူတပ်မ -၁၀၁က တက်လာတဲ့ စက်တပ်လေထီးနှစ်စီးနဲ့ မနေ့က မနက်ပိုင်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ရေနံမြေအလုပ်သမား ၂ ယောက် ပွဲချင်းပြီးသေဆုံးခဲ့ကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးကလည်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ် သပြေညို ရေနံမှော်ဒေသကို မနေ့က မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

0 Shares:
You May Also Like
Read More

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ မှတ်တမ်းပုံရိပ်များ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်က ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြလာပါတယ်။ Federal Wings ဒရုန်းတပ်ဖွဲ့တိုင်းရဲ့ ဖွဲ့စည်းပုံအရ စစ်ရေးနဲ့ အုပ်ချုပ်ရေးကိစ္စအဝဝကို လက်တွဲထားတဲ့တပ်ဖွဲ့တွေကသာ အလုံးစုံတာဝန်ယူဆောင်ရွက်ရတာဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်တွေကိုသာ Federal Wings က တာဝန်ယူဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
Read More

အမေရိကန်ရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးများ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေးဧရိယာ၊ ယူနီယံစီးတီး၊ မြန်မာကွန်မြူနီတီစင်တာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးတွေနဲ့ မေလ ၃၁ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ NUG  နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သား ၁ ယောက် မြစ်ခြေ – ကျွန်းချောင်း ပကဖ ဆီ လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းနဲ့အတူ မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ခဲ့လာခဲ့တယ်လို့ MC – KC DF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

(၃) နှစ် ပြည့်ပြီဖြစ်တဲ့ တောင်ညိုတပ်ရင်းက ပျောက်ကြားတိုက်ပွဲ (၆၇) ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့၊ တပ်ရင်း တော်လှန်ရေးရဲဘော် (၆) ဦး ကျဆုံးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုတပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီလ (၁) ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖြူး-အုတ်ဖြတ်လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

TNLA ​က အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်လှစ်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေ တစ်နေရာမှာ တရားဥပဒေစိုးမိုးရေးအတွက် အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။