မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်း ၄ လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ရက် ညနေပိုင်းက ပုသိမ်-မုံရွာလမ်းပိုင်း၊ မဲဇလီ-ဆည်တော်ကြိုးတံတားမှာရှိတဲ့ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရင်း ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်အုပ်စုအလောင်း ၄လောင်းနဲ့ လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၇) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

“အဲ့ဂိတ်မှာ ဒီကောင်တွေ ဆယ်ယောက်ကျော်လောက်ရှိတာပေါ့။ အဲဒါကို ဝင်စီးနိုင်ခဲ့တာပါ။ ဝါစိုက်ပျိုးရေးတပ်ကောင်တွေပါ။ သိမ်းဆည်းရမိတာက G3 ၃ လက်၊ UZi ၃ လက်နဲ့ ကျည်တွေရယ်၊ ဆက်စပ်ပစ္စည်းတွေရယ်ပေါ့။ ” လို့ မင်းဘူးခရိုင် အမှတ်(၇) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းနဲ့အတူ မင်းဘူးခရိုင်ပကဖ၊ ပွင့်ဖြူမြို့နယ်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မင်းဘူးခရိုင် အမှတ်(၄) တပ်ရင်းက လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၆ရက် မနေ့ နေ့လယ်ပိုင်းမှာလည်း အဆိုပါဂိတ်စခန်းအတွင်း တော်လှန်ရေးတပ်တွေရှိမယ်အထင်နဲ့ စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်လုပ်ဆောင်ကာ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်အုပ်စုအလောင်းများ
0 Shares:
You May Also Like
Read More

ABSDF ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲနဲ့အဖွဲ့က ABSDF ရဲဘော်တွေကို နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေ ရှင်းလင်းပြောကြား… (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် - ABSDF) ရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ရဲဘော်ဆန်နီ၊ ရဲဘော်ကျော်ကျော်လင်းတို့က ABSDF - မကဒတ ဌာနချုပ်ရှိ ရဲဘော်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ခမောက်ကြီးတပ်နယ်က အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက် သေ၊ ၁၀ ယောက်ကျော် ဒဏ်ရာရ

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာဘက်ကို ဦးတည်လာနေတဲ့ ခမောကိကြီးတပ်နယ်က အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

တောတွင်းတစ်နေရာက မကဒတ ၃၆ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အခမ်းအနား ကို အမှတ် ၃ စစ်ကြောင်း မှာ နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

မုံရွာမှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ စစ်သား ၁ ယောက်ကို အနီးကပ်ပစ်ခတ်ရှင်းလင်း…

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားကို တစ်ကိုယ်တော် အနီးကပ်ရှင်းလင်းပြီး သေနတ် ၁ လက်ရယူနိုင်ခဲ့တယ်လို့ Three Star Local People Defence Force အဖွဲ့တာဝန်ရှိသူ ကိုဒေါင်းလေး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွာငံမှာ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းရာ သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဌေးလွင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်  ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးကျေးရွာမှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။