ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် – (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့လယ် ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA နဲ့ Ta’ang Women’s Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာ ၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က မိုင်းငေါ့မြို့လယ်ရှိ လူနေထူထပ်ရာ ရပ်ကွက်ကို တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုင်းငေါ့ဒေသခံ အမျိုးသားတစ်ယောက်က ပြောကြောင်း Ta’ang Women’s Organization ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“လေယာဉ်ကြဲသွားတာ ရဲစခန်းရှေ့မှာ ၂ လုံးကျတာ၊ အဲဘက်မှာ လူထိသွားတယ်၊ ဒဏ်ရာလည်း ရတယ်၊ ရော့ကဒ်လည်း ပစ်တယ်၊ ရော့ကဒ်က ထွေအုပ်ရုံးမှာနဲ့ ရဲစခန်းလမ်းကြားမှာ ကျတာ၊ ဘန်ခေါက်ရွာသွားတဲ့လမ်းပေါ့၊ အခုလောလောဆယ် လေယာဉ်က မြို့ထဲမှာ ကြဲသွားပြီ“ လို့ ဒေသခံက ပြောကြောင်း Ta’ang Women’s Organization က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ဗုံးကြဲခဲ့တဲ့အပြင် ရော့ကဒ် ၄ လုံးပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း အဆိုပါဒေသခံက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်စာရင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြသွားမယ်လို့ Ta’ang Women’s Organization က ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Ta’ang Women’s Organization ၏ Facebook Page)

0 Shares:
You May Also Like
Read More

လျှပ်စစ်မီးလိုင်းပြင်ရန်လာသည့် စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့ကနေ သံမဏိစက်ရုံကိုသွားတဲ့ လျှပ်စစ်မီးလိုင်းကို ပြင်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံက သိရပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။
Read More

SSRY တပ်ခွဲ ၃ – Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY)၊ တပ်ခွဲ ၃ - Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့ပေါ်အထိတက်မည့် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်သားအလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ မြိုင်မြို့ပေါ်အထိတက်မယ့် အကြမ်းဖက်စစ်ကြောင်းကို ပြန်လည်ဆုတ်ခွာသွားအောင် ခုခံတိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ အကြမ်းဖက်စစ်သားအလောင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ကျိုင်းတုံတွင် ဝဇီပိတ်ဘုန်းကြီး၏ လောကသရဖူစေတီဘုရားဌာပနာ ယတြာချေပွဲနှင့် သီလဓမ္မဆေးရုံဖွင့်ပွဲ အကြမ်းဖက်မင်းအောင်လှိုင် လင်မယား တက်ရောက်

ကျိုင်းတုံမြို့မှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တို့ လင်မယားက သူတို့ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးရဲ့ လောကသရဖူစေတီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာနဲ့ ဝါဒဖြန့်လော်ဘီတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။