တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ပြည်သူ‌ပိုင် နေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU – မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ (၈)ရက် ဒီမနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း Y-12 လေယာဉ်နဲ့ (၁၀) ကြိမ်အတွင်း ၁၂၀ မမ ဗုံးသီး (၄၀) ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ‌လူထုပိုင် နေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လယ်ပိုင်းမှာလည်း အကြမ်းဖက်စစ်တပ်က မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူ (၃၅၀)ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် သူတို့ အုပ်ချုပ်ရာနယ်မြေတွေမှာ အတုအယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ အထူးကြိုးပမ်းနေသလို သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ KNU-မြိတ်ထားဝယ်ခရိုင်အုပ်ချုပ်ရာ ဒေသတွေက ပြည်သူလူထု အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ (ဓာတ်ပုံ KNU – Mergui-Tavoy District)

0 Shares:
You May Also Like
Read More

ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များ ဒရုန်းဖြင့် ဗုံးသီး ၂၈ လုံး ကြဲချတိုက်ခိုက်၊ စစ်အုပ်စုက ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

" Scout ကင်းထောက်ဒရုန်းနဲ့ ကြည့်တာအရဆို သေတာ ၁ ကောင်နဲ့ ၃ ကောင်ဒဏ်ရာရပါတယ်။ အသေးစိတ်ကို စုံစမ်းဆဲပါ။ ခေါင်းဆောင် ဝါယမ ကတုံးကတော့ ပခုက္ကူစစ်ကြောင်း မလာခင်တည်းက နေပြည်တော်မှာ သွားရှောင်နေတာ။ အဲ့ကနေပဲ သူ့တပည့်တွေကို control လုပ်နေပါတယ်။" လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားပြီး ခိုက်ရန်ဖြစ်ပွားတာ၊ ကခုန်ပျော်ပါးတာတွေမလုပ်ဖို့ ကော့သောင်းပကဖ သတိပေး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ပြည်သူတွေကိို စာနာကြောင်းပြသတဲ့အနေနဲ့ သင်္ကြန်ကာလ မူးယစ်သောက်စားတာတွေနဲ့ အသံချဲ့စက်ဖွင့် ကခုန်ပျော်ပါးတာ၊ ခိုက်ရန်ဖြစ်ပွားတာတွေမလုပ်ဆောင်ကြဖို့ ကော့သောင်းပကဖ က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ထုတ်လုပ်တဲ့ MTX-1A နှင့် MTX-1B လေယာဉ်တွေ စစ်ရေးမှာ ဘယ်လောက်ထိ အသုံးဝင်နိုင်လဲ

စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။
Read More

မင်းအောင်လှိုင် တရုတ်ကို ထွက်ခွာအပြီး နာရီပိုင်းအကြာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရ

နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီနဲ့ ယင်းမာပင်က အရပ်သားတွေနေထိုင်ရာကို စစ်ကောင်စီက ဒရုန်း လက်နက်ကြီးများနဲ့ တိုက်ခိုက်

ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာနဲ့ ကနီမြို့နယ်၊ နွားခြံကုန်းရွာ တို့ကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူတွေ ဒဏ်ရာရခဲ့တယ်လို့ တပ်ရင်း ၂၇ သတင်းဆက်သွယ်ရေးနှင့် ပြန်ကြားရေးဌာန (ရင်းမြစ်ဌာနေ) ထံမှ သိရပါတယ်။