စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုမြို့စောင့်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၇ ယောက် သေဆုံးပြီး သေနတ်၂ လက် ရရှိခဲ့တယ်လို့ KLG PDF – ကျောက်လုံးကြီး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၈  ရက် ဒီနေ့လယ်ပိုင်းမှာ ကနီမြို့စောင့်တပ်ကနေ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲ အင်အား ၂၀ နီးပါးကို ကနီမြို့ပေါ် ၃ ရပ်ကွက်အရောက်မှာ တော်လှန်ရေးတပ်တွေက စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ကြာ ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက် သေဆုံးခဲ့ကြောင်း၊ လက်နက်တွေ ကောက်ဖို့ကြိုးစားချိန်မှာပဲ မြို့ထဲကနေ စစ်အုပ်စုတပ်ကူတွေ ရောက်လာတာကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း KLG PDF တာဝန်ရှိသူက ပြောပါတယ်။

“သူတို့မြို့ထဲကနေ ကင်းပတ်လာမှာကို သတင်းကြိုရလို့ အဆင်သင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ ပစ်ခတ်မှုဖြစ်ပြီး သူတို့လက်နက်တွေကောက်ဖို့လုပ်တော့ မြို့ထဲကနေ နောက်ထပ် စခတွေ ထပ်ဝိုင်းလာလို့ ၂ လက်ပဲ ကောက်ပြီး ပြန်ဆုတ်ခဲ့တာပါ” လို့ KLG PDF-ကျောက်လုံးကြီး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်အုပ်စုထံမှ KLG PDF-ကျောက်လုံးကြီး သိမ်းဆည်းရှိသည့် သေနတ် ၂ လက်



အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် (9+အဖွဲ့ဝင်) ဗျူဟာ (၄၅) KLG PDF-ကျောက်လုံးကြီး ရဲ့ လှုပ်ရှားတပ်စိပ် (၁) စိပ်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး MA-1 သေနတ် (၁) လက် နဲ့ MA-11 သေနတ် (၁) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလမှာ ကနီမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေ ရှိနေခဲ့တာဖြစ်ပြီး စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစ်အုပ်စုကြောင့် ချင်းတောင်၊ ချောင်းမအရှေ့အနောက်နဲ့ သင့်ဝင်၊ မင်းမ၊ အောင်မင်္ဂလာ၊ ဇီးပင်တွင်း၊ လင်းပုန်းရည်စတဲ့ ကျေးရွာတွေလည်း စစ်ရှောင်ခဲ့ရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၁ရက်နေ့က စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေရဲ့ ချောင်းမရွာတိုက်ပွဲအတွင်း စစ်အုပ်စုသုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရမိခဲ့သလို ယင်းမာပင်ခရိုင်ပကဖ ULF စစ်ကြောင်းမှူး ကိုနိုင်မင်း ကျဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မည်

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။
Read More

ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ ပေါက်မှာ တောင်ကျရေလျှံပြီး ရေဘေးသင့်ခဲ့သူတွေ အကူအညီလိုအပ်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံကာ ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေက ပြည်သူတွေအတွက် နေအိမ်အစားထိုးဆောက်လုပ်ရေးအပြင် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူတွေထံက သိရပါတယ်။
Read More

လေလံတင်တိုင်း ဝယ်သူမရှိသည့် သမိုင်းဝင် ခြံအမှတ် ၅၄ ကို စျေးထပ်လျှော့ပြီး ရောင်းဦးမည်

၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု လေတပ်အရာရှိ ၅ ဦးအပါ ၁၁ ဦး သေပြီး လေတပ်အရာရှိ ၈ ဦးအပါ ၂၀ ဦး ပြင်းထန်ဒဏ်ရာရ၊ လေယာဥ် ၂ စီးနှင့် ဆီဂိုဒေါင်အပါ အဆောက်အဦးအချို့ မီးလောင်ပျက်စီး

ပဲခူတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး အရာရှိ ၈ ယောက်အပါအဝင် အယောက် ၂၀ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်တွင် ကြိုတင်မဲ ၂ မဲသာရတာကြောင့် တရားမျှတမှုမရှိဘူးဟု ကျားဖြူပါတီ တောင်ငူခရိုင်ဥက္ကဋ္ဌ ပြော

ရေတာရှည်မြို့နယ်မှာ ကောက်ယူခဲ့တဲ့ ကြိုတင်မဲတွေအနက် ကြံ့ခိုင်ရေးပါတီက မဲအားလုံးနီးပါး ရရှိနေမှုအပေါ် တရားမျှတမှုမရှိဘဲ တစ်ဖက်သတ်ဆန်တဲ့အတွက် လုံးဝလက်မခံကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ - SNDP) တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုးက ဒီဇင်ဘာ ၂၆ ရက်မှာ သူရဲ့ လူမှုကွန်ရက်ကတဆင့် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 
Read More

ရေစကြိုနယ်က ထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ဗိုလ်ကြီးတစ်ဦးအပါ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရတဲ့အတွက် ဗိုလ်ကြီးတစ်ယောက်အပါအဝင် ၃ ယောက်သေဆုံးသွားတယ်လို့ ရေစကြိုမြို့နယ် ပကဖ ရဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ နိုဝင်ဘာ ၇ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ ရေစကြိုမြို့နယ် တပ်၃တပ်က အင်အား (၅၀) ဝန်းကျင်နဲ့ စုပေါင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပေကုန်းကျေးရွာရေတံခါးအနီး လမ်းကင်းယူနေချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။