မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်း ၄ လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ရက် ညနေပိုင်းက ပုသိမ်-မုံရွာလမ်းပိုင်း၊ မဲဇလီ-ဆည်တော်ကြိုးတံတားမှာရှိတဲ့ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရင်း ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်အုပ်စုအလောင်း ၄လောင်းနဲ့ လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၇) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

“အဲ့ဂိတ်မှာ ဒီကောင်တွေ ဆယ်ယောက်ကျော်လောက်ရှိတာပေါ့။ အဲဒါကို ဝင်စီးနိုင်ခဲ့တာပါ။ ဝါစိုက်ပျိုးရေးတပ်ကောင်တွေပါ။ သိမ်းဆည်းရမိတာက G3 ၃ လက်၊ UZi ၃ လက်နဲ့ ကျည်တွေရယ်၊ ဆက်စပ်ပစ္စည်းတွေရယ်ပေါ့။ ” လို့ မင်းဘူးခရိုင် အမှတ်(၇) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းနဲ့အတူ မင်းဘူးခရိုင်ပကဖ၊ ပွင့်ဖြူမြို့နယ်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မင်းဘူးခရိုင် အမှတ်(၄) တပ်ရင်းက လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၆ရက် မနေ့ နေ့လယ်ပိုင်းမှာလည်း အဆိုပါဂိတ်စခန်းအတွင်း တော်လှန်ရေးတပ်တွေရှိမယ်အထင်နဲ့ စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်လုပ်ဆောင်ကာ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်အုပ်စုအလောင်းများ
0 Shares:
You May Also Like
Read More

PDF တွေကို ​ကြိမ်းဝါးဆဲဆိုခဲ့တဲ့ မြွေဟောက် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ဆဲဆို​နေတဲ့ စစ်တပ်လော်ဘီ ဇော်ဝင်း (ခ) မြွေဟောက်ဆိုသူ ​မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် ပကဖ ရဲဘော်တွေရဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်များ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါသမယနေ့မှာ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေရဲ့ ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Read More

ရဲနှင့် ပျူ၏ မင်္ဂလာဆောင်ကို သွားသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့မှာ ဆိုင်ကယ်နဲ့ မင်္ဂလာဆောင်သွားတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၁ယောက် သေဆုံးကာ ၂ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံမြောက်ပိုင်းသား‌ပြောက်ကျားတပ်ဖွဲ့ (MNGF) က ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူခရိုင် ပအဖ တာဝန်ရှိသူတွေက ခရိုင်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း ခရိုင် ပအဖအတွင်းရေးမှူး၊ မြို့နယ်ပအဖအတွင်းရေးမှူး၊ မြို့နယ်လူ့အခွင့်ရေးတာဝန်ခံ၊ မြို့နယ် လူသားစာနာ တာဝန်ခံ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး၊ တိုက်နယ်လူသားစာနာတာဝန်ခံတို့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေနဲ့အတူ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ABSDF ဒုဥက္ကဌ ဦးဆောင်သည့်အဖွဲ့မှ ​ပြည်သူလူထုကို လက်ရှိ နိုင်ငံရေးနှင့် စစ်ရေး အခြေအနေများ ပြောကြား၊ လူထုစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး‌ (ကျောင်းသားတပ်မတော်) - ABSDF ရဲ့ ဒုဥက္ကဌ ရဲဘော်လဆိုင်း ဦးဆောင်ပြီး ABSDF အမှတ်( ၂ ) စစ်ကြောင်း တာဝန်ရှိသူတွေက စိုးမိုးနယ်မြေရှိ ပြည်သူလူထုကို လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ ပြောကြားခြင်းနဲ့ လူထုစည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ABSDF က မနေ့က ထုတ်ပြန်ပါတယ်။