ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် – (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့လယ် ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA နဲ့ Ta’ang Women’s Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာ ၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က မိုင်းငေါ့မြို့လယ်ရှိ လူနေထူထပ်ရာ ရပ်ကွက်ကို တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုင်းငေါ့ဒေသခံ အမျိုးသားတစ်ယောက်က ပြောကြောင်း Ta’ang Women’s Organization ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“လေယာဉ်ကြဲသွားတာ ရဲစခန်းရှေ့မှာ ၂ လုံးကျတာ၊ အဲဘက်မှာ လူထိသွားတယ်၊ ဒဏ်ရာလည်း ရတယ်၊ ရော့ကဒ်လည်း ပစ်တယ်၊ ရော့ကဒ်က ထွေအုပ်ရုံးမှာနဲ့ ရဲစခန်းလမ်းကြားမှာ ကျတာ၊ ဘန်ခေါက်ရွာသွားတဲ့လမ်းပေါ့၊ အခုလောလောဆယ် လေယာဉ်က မြို့ထဲမှာ ကြဲသွားပြီ“ လို့ ဒေသခံက ပြောကြောင်း Ta’ang Women’s Organization က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ဗုံးကြဲခဲ့တဲ့အပြင် ရော့ကဒ် ၄ လုံးပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း အဆိုပါဒေသခံက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်စာရင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြသွားမယ်လို့ Ta’ang Women’s Organization က ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Ta’ang Women’s Organization ၏ Facebook Page)

0 Shares:
You May Also Like
Read More

၆ နှစ်ကြာ တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ်သား အလင်းဝင်ကာ PDF နှင့်အတူ တိုက်ပွဲဝင်မည်ဟု ဆို

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ယောက် ညကင်း တာဝန်ကျချိန် ထွက်ပြေးရင်း နေပြည်တော် PDF တပ်ရင်း (၉၀၁) ထံ လက်နက်ကျည်ဆံတွေ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချပြီး ဒရုန်း၊ ဟောင်ဝေဇာများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချပြီး ဒရုန်း၊ ဟောင်ဝေဇာတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မုဒိန်းမှုများ ကျူးလွန်ထားသူ မြဝတီက ရက်ကွက်အုပ်ချုပ်ရေးမှူးကို ကရင်ပြည်နယ်အစိုးရက ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြင့်

မုဒိန်းမှုတွေ ကျူးလွန်ထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ စိုင်းမျိုးညွှန့်ဦးကို စစ်ကော်မရှင်ရဲ့ ကရင်ပြည်နယ်အစိုးရက ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြင့်လိုက်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်နေ့အခမ်းအနားမှာ စစ်ကော်မရှင် လက်အောက်ခံ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးက မြဝတီမြို့ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုင်းမျိုးညွန့်ဦး ကို အခြား အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွှေတင်၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စည်လှိုင်(ခ) စိန်ထွန်းတို့နဲ့အတူ အဆိုပါ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြင့်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

ရဲတပ်ဖွဲ့နေ့တွင် မြဝတီ မြို့နယ်ရဲမှူး ရုတ်တရက် သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးဟာ အောက်တိုဘာ ၁ရက်မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အောင်လံနှင့် ဆင်ပေါင်ဝဲတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ စစ်ရေးတင်းမာနေ၊ စစ်အုပ်စုဘက်မှ အယောက် ၇၀ ဝန်းကျင် ထိခိုက် သေဆုံးထား

မကွေးတိုင်း၊ အောင်လံခရိုင်အတွင်းက အောင်လံနဲ့ ဆင်ပေါင်ဝဲမြို့နယ်တွေမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကော်မရှင်ဘက်က အယောက် ၇၀ နီးပါး ထိခိုက်သေဆုံးထားကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံ ပ.က.ဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်သား ၂ ဦး တော်လှန်ရေးတပ်များနှင့် ပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်မည် ဟု ဆို

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်ခိုလှုံလာကြောင်း သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း P23801 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။