စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒီ နာရေးရုပ်သံကတော့ စစ်ဘေးရှောင်ကူညီရေး လုပ်ကိုင်နေတဲ့ We Are People ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် ဇော်လင်းထိုက်ရဲ့ နာရေး ဖြစ်ပါတယ်။

“လက်ရှိသေဆုံးက ၄၀ ကျော်ပါပြီ။ ထိခိုက်ထားသူတွေလည်း များတယ်။ သွေးကတော့ အဆင်ပြေသွားပါပြီ။ အတည်ပြုစာရင်းရရင် ထပ်ပြောပါမယ်။ ထိတဲ့အထဲ ကလေးတွေလည်းများတယ်” လို့ မုံရွာခရိုင်တပ်ရင်း ၄၊ တပ်ခွဲ ၃ Monywa Nightking တာဝန်ရှိသူ ဗိုလ်ငယ်လေးက မောင်းကိုပြောပါတယ်။

စစ်အုပ်စု ဗုံးသီးချချိန်ဟာ ဒေသခံတွေနဲ့ မုံရွာ အမြင့်လမ်းသပိတ်ခေါင်းဆောင်တွေ သီတင်းကျွတ် ရိုးရာမီးထွန်းပွဲနဲ့ ဆီမီးသပိတ်လုပ်ဆောင်နေချိန်ဖြစ်တာကြောင့် ဗုံးသီးကျရောက်ပေါက်ကွဲရာမှာ ထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ သိရပါတယ်။

Video – Set Kaung San

0 Shares:
You May Also Like
Read More

ရှေ့တန်းပြန် တိုက်ပွဲဝင်ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို‌အောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF – ARMY ထုတ်ပြန် (ရုပ်/သံ)

စစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းပြီး နေရပ်ပြန်လာကြတဲ့ ရှေ့တန်းပြန် ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုအောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF - ARMY က မနေ့က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမြို့နယ်မှာ လေကြောင်းအန္တရာယ်ရှောင်ရှားနိုင်‌ရေး လေ့ကျင့်သရုပ်ပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ ကျောင်းသားကလေးငယ်တွေ လေကြောင်းအန္တရာယ် ရှောင်ရှားနိုင်ရေး လေ့ကျင့်သရုပ်ပြမှု ပြုလုပ်ပေးခဲ့တယ်လို့ ပကဖအသံရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားများကို ZO ARMY ရဲဘော်များ တီထွင်ထားသည့် အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ အရာရှိအပါ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ZO ARMY ရဲဘော်တွေ တီထွင်ထားတဲ့ အဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ Zo Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တပ်ဖွဲ့တာဝန်ခံ ကိုမီးပွား (ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁)

''ကျွန်တော်တို့ အားလုံး ရန်ကုန်ကို ပြန်ချင်နေပါပြီ။ ဒါဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းပါ။ ကျွန် တော်တို့ ပြန်လာမှာကိုလည်း စောင့်ကြိုနေကြတဲ့ ရန်ကုန်သူ၊ ရန်ကုန်သား ပြည်သူလူထုတွေဟာ လည်း မျှော်လင့်ခြင်း ရန်ကုန်ပါပဲ။ ရန်ကုန်ဟာ ကျွန်တော်တို့ မြန်မာပြည်အတွက် သည်းခြေဖြစ် တယ်''
Read More

သထုံခရိုင် အမှတ်(၁) PDF တပ်ရင်းကို ပြည်ပရောက်မြန်မာတွေက စောင်တွေလှူဒါန်း (ရုပ်/သံ)

သထုံခရိုင် အမှတ် ၁ PDF တပ်ရင်းမှာ ရဲဘော်တွေ အမှန်တကယ်လိုအပ်နေတဲ့ စောင်တွေကို ထောက်ပို့ပံ့ပိုးကူညီပေးကြတဲ့ ပြည်ပက အမည်မဖော်လိုတဲ့ ထောက်ပို့ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်း အဆိုပါ တပ်ရင်းက ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
Read More

ကမ္မမြို့ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် အကြမ်းဖက်စစ်သားများကို ဗုံးသီးကြဲချပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။