အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 

လတ်တလော အဆိုးဝါးဆုံးအဖြစ်အပျက်ကို ပြောပါဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ 

အောက်တိုဘာလ ၆ ရက် ည ၇ နာရီအချိန် စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးအစပ်က ဘုံတိုကျေးရွာမှာ အကြမ်းမဖက်တဲ့နည်းနဲ့ ဆီးမီးသပိတ်ပြုလုပ်ပြီး သပိတ်တရားဟောနေကြတဲ့ ပြည်သူလူထုကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB  ရဲဘော် ၃ ယောက်အပါအဝင် ၂၂ ယောက် သေဆုံးပြီး အယောက် ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ စက်တပ်လေထီးတွေဟာ ညဘက်အလင်းအားနည်းချိန်တွေမှာ တိုက်ခိုက်နိုင်စွမ်းရှိတာကြောင့် မီးထွန်းပွဲလုပ်နေတဲ့ လူစုလူဝေးကို အသေချာမြင်နေရပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ တိုက်ပွဲအတွင်း စစ်တပ် အသုံးပြုနေတဲ့ လက်နက်တွေနဲ့ သိမ်းဆည်းရရှိတဲ့ စစ်လက်နက်ပစ္စည်းတွေရဲ့ အသုံးဝင်ပုံတွေအကြောင်း ဖော်ပြလေ့ရှိတဲ့ Tactical Raptor 2.0 က ဆိုပါတယ်။ 

အခုလို တိုက်ခိုက်မှုမျိုး ဖြစ်ပြီးတဲ့နောက်မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ လူအစုလိုက် အပြုံလိုက် သေဆုံးမှုကို ဖြစ်စေပြီး အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေကြောင်းကို နိုင်ငံတကာ သိအောင် ကြိုးစားသင့်တယ်လို့လည်း အကြံပြုထားပါတယ်။ 

ချောင်းဦးမြို့နယ် ဘုံတိုကျေးရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်းတစ်ခု

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ရာမှာ အခြေခံအကျဆုံးအချက်တွေဖြစ်တဲ့ လေကြောင်းအန္တရာယ် ကြိုတင်သတိပေးတဲ့စနစ် early warning network တွေ စီစဉ်ထားရှိဖို့၊ အကာအကွယ် ဗုံးခိုကျင်းတွေ ထားရှိဖို့၊ လူစုလူဝေးနဲ့ လုပ်ဆောင်တာတွေကို ပိုမိုရှောင်ရှားကြဖို့လည်း လိုအပ်တယ်လို့ Tactical Raptor 2.0 က ဆိုပါတယ်။ 

စစ်တပ်ကနေ စက်တပ်လေထီးတွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တန်ပြန်ဖို့က ပွိုင့်ဖိုက် 0.5 လို စက်သေ‌နတ်ကြီးတွေကို ယာဉ်ပေါ်တင်ထားပြီး အလင်းအားနည်းချိန်မှာ ပစ်မှတ်ကိုမြင်နိုင်ဖို့ thermal sight တပ်ဆင်တာနဲ့ FPV ဒရုန်းတွေနဲ့ ဝင်တိုက်တာတွေကို လုပ်ဆောင်လို့ ရတယ်လို့လည်း ဖော်ပြထားပါတယ်။ 

“ကရင်နီ၊ ကရင်ပြည်နယ်တွေမှာဆိုရင် ပွိုင့်ဖိုက်တွေကို ယာဥ်ပေါ်တင်ပြီး technical အဖြစ် အသုံးပြုကြတာကိုလည်း မကြာမကြာ တွေ့ရပါတယ်။ တစ်ခုရှိတာက လေကြောင်းပစ်မှတ်တွေကို ချိန်ရွယ်ပစ်ခတ်ဖို့ anti-aircraft sight လေယာဥ်ပစ် ချိန်ဆိုက်ဒ်တော့ ပါလေ့မရှိဘူးပေါ့လေ။ ပွိုင့်ဖိုက်ကျည်ကမှ အမြင့်ရှိ စက်တပ်လေထီးကို ခြိမ်းခြောက်နိုင်လောက်တဲ့ ballistic performance ရနိုင်မယ်။ thermal sight ပါမှ day/night မရွေး ပစ်မှတ်ကိုရှာဖွေနိုင်မယ်။ ကားပေါ်တင်ထားတာက အခြေအနေပေါ် မူတည်ပြီး လိုအပ်သလို လှုပ်ရှားနိုင်စွမ်းရှိစေမှာပါ” လို့ Tactical Raptor 2.0 က အကြံပြု ရေးသားထားပါတယ်။

နောက်တကြိမ် ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ကြဖို့နဲ့ စက်တပ်လေထီးတွေရဲ့ အန္တရာယ်က ပိုဆိုးလာနေတာကြောင့် တန်ပြန်ဖို့ နည်းလမ်းတွေကို စဉ်းစားဖို့ လိုနေပြီဖြစ်ကြောင်း အကြုံပြုထားတာ တွေ့ရပါတယ်။

ယူကရိန်းတွင် ဒရုန်းပစ်ချရန် လက်နက်တပ်ဆင်ထားမှုကို Tactical Raptor 2.0 မှ ပြသထားပုံ (ဓာတ်ပုံ Tactical Raptor 2.0 Facebook စာမျက်နှာမှ)

0 Shares:
You May Also Like
Read More

Unity Generation Z PDF တပ်ဖွဲ့က စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် Unity Generation Z ( UGZ ) PDF တပ်ဖွဲ့က ရဲဘော်တွေဟာ ပြည်သူ့လုံခြုံရေးကဏ္ဍအနေနဲ့ စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေတယ်လို့ အဆိုပါတပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အသံတိတ်သပိတ် ပါဝင်ဆင်နွှဲနေသည့် မန္တလေး (ဓာတ်ပုံသတင်း)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲနေကြတဲ့ မန္တလေးမြို့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ မြို့ခံတွေ ပေးပို့လာတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကနေ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - GSCB
Read More

မင်းတုန်းတွင် စစ်အုပ်စုထိန်းချုပ်ရာ နယ်မြေထဲ ဝင်ရောက်ကာ စစ်တပ်ထုတ်ကုန်များကို စစ်ဆေးဖျက်ဆီးပြ၊ အတုအယောင် ရွေးကောက်ပွဲ မလုံခြုံကြောင်း သတိပေးခြင်းလည်းဖြစ်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ မင်္ဂလာဦးကျေးရွာက ဆိုင်တချို့ကို သွား​ရောက်စစ်ဆေးရင်း ထုတ်ကုန်တွေကို ဖျက်ဆီးကာ ရောင်းချနေသူတွေကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။ 
Read More

ကလေးဝမြို့နယ်၊ ဆင်အိုင်မရွာမှ ပျူစောထီးအဖွဲ့ဝင် (၁) ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် (၁) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့ စစ်အစိုးရရုံးများတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့က စစ်ကော်မရှင်လက်အောက်ခံ ရုံးတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က ထုတ်ပြန်ထားပါတယ်။
Read More

ရုပ်ပွားတော်တွေ ဦးခေါင်းတော်ဖြတ်တဲ့ လုပ်ရပ်ဟာ ဘာသာရေးနဲ့ ပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်ခြင်းဟုဆို

ကရင်နီပြည်က ရုပ်ပွားတော်တွေရဲ့ ဦးခေါင်းတော်ဖြတ်တဲ့ ဖြစ်စဉ်က ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်တဲ့ လုပ်ရပ်သာဖြစ်ကြောင်း မိုးဗြဲ People Defense Force က ဒီနေ့ အောက်တိုဘာ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။