စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ရဲဘော်ချမ်းငြိမ်းအောင်၊ ရဲဘော် ညီညီဇော်နဲ့ ရဲဘော်ကံမြင့်လွင်တို့ ကျဆုံးခဲ့တယ်လို့ GSCB နဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ မူလတန်းကျောင်းမှာ အကြမ်းမဖက်တဲ့နည်းနဲ့ ဆီးမီးသပိတ်ပြုလုပ်ပြီး သပိတ်တရားဟောနေချိန် အကြမ်းဖက်စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ GSCB က ရဲဘော် ၃ ယောက်အပါအဝင် ၂၂ ယောက် သေဆုံးပြီး အယောက် ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေထဲက ရဲဘော် ချမ်းငြိမ်းအောင် နဲ့ ရဲဘော်ညီညီဇော် တို့ဟာ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှာ လူထုတိုက်ပွဲမြှင့်တင်ရေးကော်မတီဝင်နဲ့ ဘဏ္ဍာရေးကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ နွေဦးတော်လှန်ရေးမှာ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ၊ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုတွေမှာ ပြည်သူလူထုအကျိုးအတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေကို အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော် ၂ယောက်လုံး ယုံကြည်ကြိုးပမ်း တိုက်ပွဲဝင်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရှိ ရဲဘော်တွေအနေနဲ့ ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ကြိုးပမ်းချီတက်သွားမှာဖြစ်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

GSCB ကလည်း ကျဆုံးရဲဘော် ၃ ယောက်အတွက် ဂုဏ်ပြုမှတ်တမ်းနဲ့ အမိန့်ပြန်တမ်းထုတ်ပြန်ထားပြီး ကျဆုံးရဲဘော် ၃ ယောက်ကို အနယ်နယ်အရပ်ရပ်က GSCB ရဲဘော်တွေက အသိအမှတ်ပြု၊ ဂုဏ်ပြုကြောင်းနဲ့ ကျဆုံးရဲဘော်တွေဟာ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရင်း ဘဝတစ်ပါး ကူးပြောင်းသွားပြီဖြစ်တာကြောင့် GSCB ရဲ့ တာဝန်တွေကနေ ကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ် (၈) ဗျူဟာလက်အောက်ခံ တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဂုဏ်ပြုကိတ်ခွဲကာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တက္ကစီမောင်းသူလည်းဖြစ် Food Vlogger လည်းဖြစ်တဲ့ ကျော်ဝဏ္ဏ အသတ်ခံရ

အစားအသောက်နဲ့ ပတ်သက်တဲ့ Vlog တွေ ရိုက်ကူးသလို တက္ကစီမောင်းတဲ့အလုပ်လည်း လုပ်ကိုင်တဲ့ ကျော်ဝဏ္ဏဟာ ကားဆွဲရင်း အသတ်ခံခဲ့ရကြောင်း စစ်ကော်မရှင်လက်အောက်ခံ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည့် MDY-PDF တပ်ဖွဲ့ထဲ စစ်ကောင်စီက သူလျှိုများ စေလွှတ်ကာ အသွင်ယူထောက်လှမ်းခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) တပ်ဖွဲ့အတွင်း အကြမ်းဖက်စစ်ကောင်စီက အတွင်းလူ(သူလျှို၊ ဒလန်) တွေ စေလွှတ်ပြီး အသွင်ယူထောက်လှမ်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်၊ စစ်သား ၃ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိ…

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကင်းတွင် အင်အား ၁၀၀ ကျော်ရှိ စစ်တပ်စစ်ကြောင်းနှင့် တိုက်ခိုက်ဖြစ်၊ စစ်အုပ်စုက ၁၀ ဦး သေ၊ ၁ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

အာဏာသိမ်း စစ်တပ်က စဉ့်ကူးမြို့ပေါ် ကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က မောင်းကိုအတည်ပြုပြောကြားပါတယ်။