ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA – Football Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခရိုနီ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်တယ်လို့ Myanmar Football Federation က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဦးဇော်ဇော် ဥက္ကဋ္ဌ လုပ်မယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီမှာ ဒုဥက္ကဋ္ဌအဖြစ် အာဂျင်တီးနား ဂန္တဝင်ဘောလုံးသမား Javier Zanetti က ဆောင်ရွက်မှာဖြစ်ပြီး ကော်မတီကို အဖွဲ့ဝင် ၂၁ ယောက်နဲ့ ပါဝင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ကျင်းပတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖီဖာကောင်စီအစည်းအဝေးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်ဆံရေးကောင်းတွေရှိတဲ့ ခရိုနီ ဦးဇော်ဇော်ကို လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်ကနေ ၂၀၂၉ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဦးဇော်ဇော်ဟာ အာရှဘောလုံးအဖွဲ့ချုပ် AFC ရဲ့ အကြီးတန်းဒုဥက္ကဋ္ဌလည်း ဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုရေးရာကော်မတီ ဥက္ကဋ္ဌနဲ့ AFC Dream Asia Foundation ရဲ့ Board of Trustees အဖြစ်လည်း ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ အထိ တာဝန်ယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်တို့က ချီးမြှင့်တဲ့ AFC Dream Asia Award (2013)၊ ASEAN Goodwill Award (2014)၊ ASEAN Goodwill Award (2017)၊ AFC Distinguished Service Award (2024) ဆုတွေကိုပါ ရရှိထားတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

တန်ဖိုးကြီး နာရီတွေ၊ အိတ်တွေအပါအဝင် ဒေါ်လာ သန်း ၄၀၀ ကျော်ကို ပိုင်ဆိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်က သူမရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း သောကြာနေ့က ကြေညာခဲ့တယ်လို့ သူမရဲ့ပါတီကပြောပါတယ်။
Read More

AUN-Japan ၏ နှစ်ပတ်လည် ညီလာခံအခမ်းအနား နှင့် ၂၀၂၅ /၂၀၂၆ခုနှစ်အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲအခမ်းအနား

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) AUN-Japan ရဲ့ နှစ်ပတ်လည် ညီလာခံအခမ်းအနားနဲ့ ၂၀၂၅/၂၀၂၆ ခုနှစ်အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးက ဇွန်လ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ရန် နေပြည်တော်လာ

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အုပ်စုရဲ့ လာမယ့်ရွေးကောက်ပွဲကိစ္စတွေနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး တွန်းအားပေးပြောဆိုဖို့ ကြာသပတေးနေ့မှာ နေပြည်တော်ကို သွားရောက်မယ့်အကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ဦး အတွက် NUG အလုပ်သမားဝန်ကြီးဌာန လိုက်ပါကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ယောက် အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့အပေါ် လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

သက်ဆင် အမှုကြားနာရန် တရားရုံးသို့ ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ “၁၄ ထပ် အမှု” နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ရဲ့ နောက်ဆုံး အမိန့်ချမှတ်မှု ကြားနာဖို့ ဒီနေ့မနက်မှာ တရားရုံးကို ရောက်လာခဲ့ပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတာက ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုပဲလို့ ထိုင်းလွှတ်တော်အမတ်ဝေဖန်

ထိုင်းဝန်ကြီးချုပ်ပတွန်တန် ရှင်နာဝပ်ထရာအနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြောင်းမယ်မယ်ရရမရှိဘဲ တွေ့ဆုံခဲ့မှုဟာ ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုဖြစ်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ၎င်းရဲ့လူမှုကွန်ရက်မှာ ဝေဖန်ထောက်ပြပြောဆိုထားပါတယ်။