ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၈ ရက် ဒီမနက်ပိုင်းမှာ မိုင်းငေါ့မြို့ မန်လုံရပ်ကွက် ရဲစခန်းရှေ့ကို ပေါင် ၂၅၀ ဗုံး ၂ လုံး၊ စျေးရပ်ကွက်အတွင်း ရှော့ကတ်ဗုံး ၂ လုံး၊ တာလုံရပ်ကွက်အတွင်း ရှော့ကတ်ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အသက်(၅၀)နှစ်အရွယ် ဒေါ်လှရီနဲ့ အသက် (၅၆) နှစ်အရွယ် ဦးရွှေဟုန်း ထိမှန်သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အရွယ် မထွေးထွေးအောင်နဲ့ အသက် (၅၀) နှစ်အရွယ် ဦးတင်မောင်အေးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ကလည်း မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူလူ ၁၀ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Wunna Wunna Zai

0 Shares:
You May Also Like
Read More

Defence Of Our Motherland ရဲဘော်တွေအတွက် ဝယ်ယူထားတဲ့ ဝတ်စုံဖိုး ပေးချေနိုင်ဖို့ ကမ့်ပိန်းမဲလက်မှတ်ဝယ်ယူပေးဖို့ မေတ္တာရပ်ခံ (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် (၃,၄,၅)၊ ဗျူဟာ အမှတ် (၄၈) တပ်ရင်း (၃) တပ်ခွဲ (၃) Defence Of Our Motherland ရဲဘော်တွေအတွက် ဝယ်ယူထားတဲ့ ဝတ်စုံဖိုးပေးချေနိုင်ဖို့ ကမ့်ပိန်းမဲလက်မှတ်တွေ ရောင်းချနေတယ်လို့ သိရပါတယ်။
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တော်လှန်ရေး (၄) နှစ်ပြည့်အထိမ်းအမှတ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွမ်ဖေ၏ မိန့်ခွန်း (ရုပ်/သံ)

''ကျနော် မြို့နယ်မင်းတပ် လွတ်မြောက်ခြင်းဟာ ချင်းပြည်တစ်ခုလုံး လွတ်မြောက်ခြင်းမဟုတ်ပါဘူး။ ထို့အတူ မြန်မာနိုင်ငံတစ်ခုလုံး လွတ်မြောက်သေးတာလည်း မဟုတ်ပါဘူး။ ကျန်ရှိနေသေးတဲ့ အခြားမြို့တွေကိုလည်း အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီးတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ စနစ်တစ်ခုဆီကို သွားရမှာ ဖြစ်ပါတယ်။
Read More

အနာဂတ်လူငယ်များ ထပ်ပြီး မဆုံးရှုံးရစေရန် အနုပညာရှင် ခါရာ ဗုံးခိုကျင်းကမ်ပိန်းပြုလုပ် (ရုပ်/သံ)

"စကစက ကျွန်တော်တို့ ဆေးရုံတွေ ကျောင်းဆောင်တွေကို အဓိကတိုက်ခိုက်ပါတယ်။ အဲတော့ ဆေးရုံတွေ ကျောင်းဆောင်တွေမှာ ကျွန်တော်တို့ ဗုံးခိုကျင်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ဗုံးခိုကျင်းမရှိရင် လုံးဝမလွယ်ပါဘူး" လို့ ခါရာက ဆိုပါတယ်။
Read More

တောင်ငူမြို့ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု လေတပ်အရာရှိ ၅ ဦး အပါအဝင် ၁၁ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်ကောင်စီတပ်ရဲ့ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကာ အပျက်အစီးလည်း များပြားခဲ့တယ်လို့  Brave Warriors for Myanmar (BWM) က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ ဒုတပ်မမှူးဦးဆောင်ထွက်လာတဲ့ စစ်ယာဉ်တန်းအား ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲပြီး ပြောက်ကျားခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ယောက် အလင်းဝင်ရောက်လာ (ရုပ်/သံ)

ဇွန်လ ၂၄ ရက်မှာ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ဇွန်လ ၂၅ ရက်မှာ ၁ ယောက် မြိုင်ပကဖထံ ဆက်သွယ်အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာမှာ အကြမ်းဖက်စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မနေ့က အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းက ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။