တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ပြည်သူ‌ပိုင် နေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU – မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ (၈)ရက် ဒီမနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း Y-12 လေယာဉ်နဲ့ (၁၀) ကြိမ်အတွင်း ၁၂၀ မမ ဗုံးသီး (၄၀) ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ‌လူထုပိုင် နေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လယ်ပိုင်းမှာလည်း အကြမ်းဖက်စစ်တပ်က မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူ (၃၅၀)ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် သူတို့ အုပ်ချုပ်ရာနယ်မြေတွေမှာ အတုအယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ အထူးကြိုးပမ်းနေသလို သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ KNU-မြိတ်ထားဝယ်ခရိုင်အုပ်ချုပ်ရာ ဒေသတွေက ပြည်သူလူထု အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ (ဓာတ်ပုံ KNU – Mergui-Tavoy District)

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ နိုဝင်ဘာ ပထမပတ်အတွင်း အရပ်သား ၈၂ ယောက်ကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

စစ်ရေးအားကောင်းတဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလ ပထမပတ်အတွင်း အရပ်သားပြည်သူ ၈၂ယောက်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

ဘားအံမြို့ပေါ်တွင် ပြည်သူများအား BGF တပ်ဖွဲ့များ စစ်ဆေးနေပြီး ၊ မြို့ပြင်ဂိတ်များတွင် KNA တပ်ဖွဲ့များ စစ်ဆေးနေ

“ဘားအံမြို့မှာသွားလာနေတာကတော့ BGF တွေကတော့ ဝါ၊ စိမ်း၊ နီ ကပ်ထားတာကြီးပဲ၊ KNA တော့မတွေ့သေးဘူး ဘားအံမြို့ပေါ်မှာ၊ အရင်ကတော့ လမ်းဂွမှာစစ်တပ်ပဲရှိတယ်၊ အခုတော့ အဖွဲ့အစည်းတွေရောပေါင်းပြီးတော့ သူတို့စစ်ကြတယ် ” လို့ ဘားအံမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ပြင်ဦးလွင်ခရိုင်ပကဖရဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသလက်အောက်မှာရှိတဲ့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ အပတ်စဥ် က/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို‌ ဒီဇင်ဘာလ ၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ပကဖရုံးချုပ်၊ ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖများသည် စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနှင့် ပြည်သူများကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေး အမြဲအသင့် ရှိစေဖို့ တိုက်တွန်း…

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ) ရုံးချုပ်က ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖ တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနဲ့ ပြည်သူတွေကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် အမြဲအသင့် ရှိစေဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ တပ်မ (၇၇) မှ စစ်မှုထမ်းဆင်း ဒုတပ်စိပ်မှူး တစ်ဦးနှင့် တပ်သား တစ်ဦး လက်နက်မဲ့အလင်းဝင်

ပဲခူးတိုင်း၊ ပဲခူးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန် တပ်မဌာနချုပ် အမှတ် (၇၇) က ဒုတပ်စိပ်မှူး တစ်ယောက်နဲ့ တပ်သား တစ်ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချို PDF တပ်ဖွဲ့မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ပြည်သူ့ပန်းတိုင်က ငွေကြေး ထောက်ပံ့ကူညီ

ရှမ်းပြည်မြောက်ပိုင်းက နောင်ချို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (နောင်ချို PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။