ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၆ ရက် ညပိုင်းက မင်းလှမြို့နယ် ဆင်တဲကုန်းကျေးရွာရှိ လူငယ်အားမာန် စာကြည့်တိုက်မှာ ကပ်ထားတဲ့ စစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင်‌ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီရှင်းလင်းမှုကို ၃၈ဝ၂ တပ်ခွဲ ၂ မြေအောက်ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်သားတွေအနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို့၊ သတိထား သွားလာနေထိုင်ကြဖို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂ က အသိပေးထားပါတယ်။

Video-သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

ပဲခူးမြို့တွင် ဆိုင်ကယ်ဘောက်အတွင်း ထည့်ထားသည့် သိန်း ၆၀ ခိုးယူခံရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ဘဏ်ကနေပိုက်ဆံထုတ်ပြီး ပြန်လာချိန် ဆိုင်ကယ်ဘောက်အတွင်း ထည့်ထားတဲ့ သိန်း ၆၀ ခိုးယူခံခဲ့ရတယ်လို့ ပဲခူးမြို့ ဒေသခံက စီစီတီဗီမှတ်တမ်းဖိုင်နဲ့တကွ ဖော်ပြခဲ့ပါတယ်
Read More

ရေဖြူမြို့နယ်အတွင်းရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ် စစ်သား ၃ ယောက်သေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွာမီးရှို့ပြီး ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၈ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မြောက်မြို့နယ်၊ ကုလားရှင်ကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖထံက သိရပါတယ်။
Read More

သီပေါမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ၊ အမျိုးသား ၁ ယောက် ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်နယ် သီပေါမြို့ရှိ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့တွင် အတုအ‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ယနေ့ ဆန္ဒပြမည် (ရုပ်/သံ)

အာဏာသိမ်း စစ်အုပ်စု ပြုလုပ်မယ့် အတုအ‌ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြမယ်လို့ သိရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ဖေဖော်ဝါရီ ၁ ရက်က မဲဇလီတံတားတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဟာ ဖေဖော်ဝါရီ ၃ ရက်က ပုသိမ်-မုံရွာလမ်း ၃ မိုင်ပေါက်ကို အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက စတင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။