တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား (၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ(၆)ရက်က အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၀၁ တပ်ရင်းက တပ်ဖွဲ့ဝင်တပ်သား(၁) ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ K.N.D.O တပ်ရင်း(၇) ထံ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သားဟာ MA1 (၁)လက်၊ ကျည်အပါဝင် ကျည်ဘောင်(၄)ခုနဲ့အတူ အလင်းဝင်ဘက်ပြောင်းခိုလှုံခဲ့တာဖြစ်တယ်လို့ KNU က ဆိုပါတယ်။

‎အလင်းဝင်ဘက်ပြောင်းခိုလှုံတဲ့ စစ်သားဟာ အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆည်းစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတစ်ယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။

‎အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အကြမ်းဖက်စစ်တပ်အတွင်းရှိ စစ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့ KNU က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

PDF ရဲဘော်များ မကြာခင် ပြန်လွတ်လာမည်၊ အနည်းငယ် နားလည်မှုလွဲရုံသာဖြစ်ပြီး စစ်အာဏာရှင်ကို အဆုံးထိ ဆက်တိုက်သွားမည်ဟု ဗျူဟာ ၃၃ နည်းဗျူဟာမှူး စောဒါးကို အသိပေး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းထားတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးအပါအဝင် PDF အယောက် ၅၀ နီးပါး မကြာခင် မိခင်တပ်ရင်းထံ ပြန်ရောက်လာမှာဖြစ်ကြောင်း အမှတ်(၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက လူမှုကွန်ရက်တဆင့် အသိပေးလာပါတယ်။
Read More

ရက်စက်စွာ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ လင်းထက်အောင် (ခေါ်) Error ကို စစ်ကြောမှုမှာ ဘယ်သူတွေပါခဲ့လဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူတွေထဲက လင်းထက်အောင် (ခေါ်) Error ဆိုသူကို စစ်ဖက်ဆိုင်ရာလုံခြုံးရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးအဆင့်ရှိသူ ကောင်းမြတ်နဲ့ သူရဝင်းတို့က ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။…
Read More

ဘူးသီးတောင်မှာ ပျောက်ဆုံးနေတဲ့ အရပ်သားနှစ်ယောက်ရဲ့ အလောင်းကို AA ပြန်ရှာတွေ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်က အရပ်သား နှစ်ယောက်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နဲ့ အသက် ၆၅ နှစ်အရွယ် ဦးမောင်မြအောင်တို့ရဲ့ အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့ကိုသွားတဲ့ စစ်တပ်ရိက္ခာတင်ကား ၃ စီးနဲ့ စစ်ကြောင်းကို ငဖဲမှာ တိုက်ခိုက်၊ စစ်သား ၂၃ ယောက် သေပြီး စစ်ကား ၂ စီးပျက်စီး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ အမ်းမြို့ဘက် ဦးတည်နေတဲ့ အကြမ်းဖက်စစ်တပ် ရိက္ခာတင်ကား ၃ စီးနဲ့ ငဖဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဝင်းကံကျေးရွာနှင့်ကရဝေးဆိပ်ရွာများတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ( ၁ ) ဦးသေ၊ ( ၄ ) ဦးဒဏ်ရာရ၊ နေအိမ် ( ၁၉ ) လုံးထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရကာ နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းကျဒိုးကျေးရွာမှ ပျူစောထီးလက်ထောက် ၁ ဦး ဖမ်းဆီးခေါ်ဆောင်ခံလာချိန် ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်း…

"ဒီကောင်က တော်တော်ဆိုးတယ်။ အနီးအနားကရွာတွေထဲဝင်ပြီး PDF တွေရှိလား။ လူစိမ်းတွေဝင်လားဆိုပြီးထောက်လှမ်းတယ်။ သတင်းပေးတယ်ပေါ့။ ရှင်းတဲ့နေ့ကလည်း အမှန်ဆို သားအဖ၂ယောက်လုံးကိုဝင်ဖမ်းတာပါ။ ဒါပေမယ့်သားလုပ်သူက အိမ်ကနေ ထွက်တာစောသွားတယ်။ သေနတ်ကလည်းသားဆီမှာပါသွားတာပေါ့။ ရဲဘော်တွေနောက်ကျသွားတော့ ကျော်မဲကိုပဲမိတာပါ။ အဲ့တာအေးဆေးစစ်​ဆေးဖို့ခေါ်လာတာကို လက်မခံပဲရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ပြီး ပြန်ခုခံလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာပါ။" လို့ ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။