အီတလီနိုင်ငံအမျိုးသားလွှတ်တော်မှာ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုုကရေစီအရေးအတွက် သွားရောက်ပြောဆိုခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က အီတလီနိုင်ငံအမျိုးသားလွှတ်တော်ကို သွားရောက်ခဲ့​ရာ လွှတ်တော် ဥက္ကဋ္ဌ အီညာဇီယို လာ ရူစ်ဆာ (Ignazio La Russa)က ဖိတ်ခေါ်မိတ်ဆက်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြောဆိုခဲ့တယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။

“ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ လို့ မိတ်ဆက်လိုက်တဲ့အခါ လွှတ်တော်တက်ရောက်နေတဲ့ လက်ဝဲ၊လက်ယာ နိူင်ငံရေးအဖွဲ့— နှစ်ဖက်စလုံး မတ်တပ်ထရပ်ပြီး လက်ခုပ်ဩဘာပေးကြတယ်။ အဲဒီအချိန်လေးဟာ နိုင်ငံရေးအမြင်ကွဲပြားမှုများကျော်လွန်ပြီး နှစ်ဖက်အတူတကွ ဂုဏ်ပြုလိုက်တဲ့​ အဓိပ္ပာယ်အပြည့်ရှိတဲ့ အခိုက်အတန့်ပါဘဲ။ မေမေ့ လွတ် မြောက်ရေး နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးဟာ နိုင်ငံရေးထက် ကျော်လွန်တယ်ဆိုတာ ပြသလိုက်ခြင်းဖြစ်တယ်…..အဲဒီအခိုက်အတန့်တွေဟာ အမှန်တရားနဲ့ ကြင်နာမှုတို့ဟာ နယ်နမိတ်တွေမရှိဘဲ အမှတ်တရအနေနဲ့ ရှိစေခဲ့တယ်။” လို့ ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် အီတလီလွှတ်တော်ရဲ့ နိုင်ငံခြားရေး အထူးကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် ပီယာ ဖာဒီနန်ဒို ကာစီနီ (Pier Ferdinando Casini) နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ တရားမျှတမှုရရေးတို့အတွက် ပံပိုးကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမေဖြစ်သူ လွတ်မြောက်ရေးအတွက် တရုတ်သမ္မတ ရှီကျင့်ပင်ထံသို့ အကြမ်းဖက် စစ်တပ်ကို ဖိအားပေးဖို့ တောင်းဆိုထားပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
Read More

တရုတ်ငြိုငြင်မှာစိုးလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ ပြည်ဝင်ခွင့် မပြု

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး

မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။  
Read More

အလုပ်သမားညီလာခံ ပြုလုပ်နေသည့် ကုလရုံးချုပ်ရှေ့တွင် စစ်ကောင်စီကို Article 33 အရ အရေးယူရေး ဆန္ဒပြ

ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ ပြင်ပရှိ Broken Chair အောက်မှာ အကြမ်းဖက်စစ်ကောင်စီကို Article 33 အရ အရေးယူနိုင်ရေးအတွက် ဆန္ဒပြပွဲကို ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံ (113th ILC) ပြုလုပ်တဲ့နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု အသစ်ဖွင့်သည့် MRTV နှင့် MRN ဝါဒဖြန့်စာမျက်နှာများ Facebook မှ ထပ်မံ ဖယ်ရှားခံရ

မြန်မာစစ်အုပ်စုက အခုလအတွင်း အသစ်ဖွင့်ခဲ့တဲ့ MRTV စာမျက်နှာနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို  ပြန်လည်ကူးတင်နေတဲ့ MRN (Myanmar News Network) စာမျက်နှာတို့ကို Facebook (Meta) က ထပ်မံဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။ 
Read More

စစ်ကောင်စီကို နိုင်ငံတကာ အရေးယူပေးဖို့ တောင်းဆိုမှုဟာ မျက်ကွယ်ပြုခံနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

စစ်ရာဇ၀တ်မှုတွေ ဆိုးရွားစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုနေမှုကို နိုင်ငံတကာက မျက်ကွယ်ပြုနေဆဲဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောကြားလိုက်ပါတယ်။