အညာမြေတပ်ပေါင်းစုက ဒဏ်ရာရရဲဘော် ကိုချင်းဟာ ပြည်ပမှာ ဆေးကုသမှု ခံယူနေရာကနေ ကျန်းမာ ချောမွေ့စွာ မိခင်ဌာနေကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန်ကျေးရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အညာမြေတပ်ပေါင်းစုက ရဲဘော် ကိုချင်းဟာ ပြည်ပနိုင်ငံတစ်ခုမှာ သွားရောက်ခွဲစိတ်ကုသခဲ့ရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရဲဘော် သွားရောက်ဆေးဝါးကုသရာမှာ ဆေးဝါး ကုန်ကျစရိတ် ကျပ်သိန်း ၂၅၀ ခန့်နဲ့ နေထိုင်ရေးတွေကို စီစဉ်ပံ့ပိုးပေးတဲ့ မြိုင်မြို့နယ် (ပ.က.ဖ) ကိုလည်း ကျေးဇူးတင်တယ်လို့ အညာမြေတပ်ပေါင်းစုက ဆိုပါတယ်။

ရဲဘော်ကိုချင်း ဆေးဝါး ကုသနေချိန် အာဟာရဓာတ်စာ အသုံးပြုနိုင်ဖို့အတွက် ပြည်တွင်း၊ ပြည်ပရှိ တော်လှန်ပြည်သူတွေကလည်း စုစုပေါင်း ကျပ်သိန်း ၂၈ သိန်းနဲ့ ငါးသောင်းကျပ်ကို ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရရဲဘော်ကိုချင်းရဲ့ မိသားစုထံကိုလည်း မြိုင်မြို့နယ် ပ.အ.ဖ ကနေ ကျပ်သိန်း(၂၀) ကို လိုရာ သုံးစွဲနိုင်ဖို့အတွက် ပံ့ပိုးကူညီခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝန်းသိုမြို့နယ်အတွင်း NUG အစိုးရ လူထုထောက်ပံ့မှုနှင့် အသိပညာပေးမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းက ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေနဲ့ ဆရာဆရာမတွေအပါအဝင် ကျောင်းသူကျောင်းသားတွေကို ထောက်ပံ့ကူညီမှုတွေနဲ့ အသိပညာပေးဟောပြောမှုတွေကို အခု စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“လက်နက်ကိုင်လမ်းစဥ်မှအပ အခြားမရှိ” လမ်းစဉ် ကို ကိုင်စွဲထားသည့် ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်ကို ဂုဏ်ယူကြောင်း TNLA သဝဏ်လွှာပေးပို့

“လက်နက်ကိုင် လမ်းစဥ်မှ အပ အခြားမရှိ”ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်စွဲထားတဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF) ၄ နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ယူကြောင်း TNLA က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

စဉ့်ကူးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ယောက်ကို WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့် မြို့များတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ရာ ဒေတွေကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ ယောက် သေဆုံးပြီး ၃၆ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မတ်လ ၁ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်ရတော့မည့် အချိန်ရောက်ပြီဟု အဖွဲ့အသီးသီးနှင့် ခေါင်းဆောင်များ လက်ခံကြောင်း ဒေါက်တာဇော်ဝေစိုး ပြော

လက်ရှိအချိန်ဟာ အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်တိုက်ပွဲဝင်ရတော့မယ့်အချိန် ဖြစ်တယ်လို့ အဖွဲ့အစည်းအသီးသီးနဲ့ ခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးလာပါတယ်။
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်ကို စစ်ကောင်စီက သတ်မှတ်ကြေညာ

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ဒဏ်ကြောင့် သေဆုံး ပျက်စီးဆုံးရှုံးရမှုတွေအတွက် ၂၀၂၅ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက်များအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။