ကချင်ပြည်နယ်၊ ဖားကန့်မှာ သီတင်းကျွတ်လပြည့်နေ့က KIA/PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။

မနေ့က အောက်တိုဘာ ၆ရက်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်တွေက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရွာဘက်ခြမ်းကနေ မလန်းရွာဘက်ကို စစ်ကြောင်းထိုးနေချိန် KIA/PDF ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေတဲ့ လက်နက်ကြီးတွေ မလန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၄ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

“လုံးခင်းကျေးရွာအုပ်စု မလန်းကျေးရွာဘက်မှာတော့ တိုက်ပွဲတွေက ဆက်ရှိနေတယ်။ ပြည်သူ ၂ဦးကလည်း မလန်းဘက်မှာ ပစ်တဲ့အခါ ထိတယ်။ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ဘက်မှာလည်း လက်နက်ကြီး၊ ဒရုန်းချတာတွေ ရှိတယ်။ အဲ့ဘက်မှာလည်း အပြန်အလှန်ပေါ့။ အဲ့မှာလည်း အရပ်သားအိမ်တွေရှိတယ်။ အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေကာ ဒီနေ့လယ်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ညနေပိုင်းလောက်မှာတော့ ပစ်ခတ်သံတွေ ငြိမ်သက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ထိတွေ့တိုက်ပွဲ မဖြစ်ပွားတာ တစ်ပတ်ခန့်ရှိပြီဖြစ်ကာ အောက်တိုဘာ ၆ရက်နေ့ မနက်ပိုင်းကျမှ အပြန်အလှန် ပစ်ခတ်သံတွေ ပြန်ကြားရတယ်လို့လည်း ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ငြိမ်းချမ်းသာယာကျေးရွာနဲ့ မလန်းကျေးရွာအစပ်က စံတော်ဝင် ကုမ္ပဏီဝင်းထဲ တပ်စွဲထားပြီး မလန်းကျေးရွာအပိုင်း ခိုင်လုံကုန်းဘက်ကနေ ကျောက်စိမ်းတောင်ဘက်ကို စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ရေးအခြေအနေတွေ တင်းမာနေဆဲဖြစ်တာကြောင့် မလန်းကျေးရွာနဲ့ ငြိမ်းချမ်းသာယာကျေးရွာက ပြည်သူတွေဟာ လုံးခင်းရွာဘက်ကို စစ်ရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုကြောင့် လူငယ်တွေ ရှောင်တိမ်းနေကြရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ သုံးဆယ်မြို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

MSDF ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာ သီရိမွန်ချမ်းနှင့် နိုင်ကိုသူတို့အား ကောင်စီတာဝန်မှ ယာယီရပ်ဆိုင်းထား

အငြင်းပွားဖွယ်ရာ ပြဿနာတွေဖြစ်ခဲ့တဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာ သီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို ကောင်စီတာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပဲခူးအနောက်ခြမ်းမှ ပညာရေးဝန်ထမ်းများ မဲရုံမှူး သင်တန်းအတွက် နေပြည်တော် သွားရမည်ဟု ဆို

ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေက ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲအတွက် မဲရုံမှူးသင်တန်းပေးဖို့ နေပြည်တော်ကို စတင်ပို့ဆောင်နေပြီ ဖြစ်တယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ်၊ စွန်းလွန်းစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေရှိနေတဲ့ စွန်းလွန်းဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Natogyi Regional Defence Force- NRDF က သတင်းထုတ်ပြန်ပါတယ်။
Read More

သံတောင်ကြီးရှိ စစ်ကောင်စီ တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ ကြည်းတပ် တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။