တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ အဆိုပါကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

မနေ့က အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့် ည ၉နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က ထိတွေ့တိုက်ပွဲမရှိဘဲ မင်းပြင်ရွာက နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာထဲမှာ အထိုင်ချ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

မင်းပြင်ရွာဟာ အရင်က ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး စစ်ကော်မရှင်တပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ၂လဝန်းကျင် ဖြစ်ပွားခဲ့ပြီးတဲ့နောက် တော်လှန်ရေးတပ်တွေက အဆိုပါ ကျေးရွာကနေ ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

“အရင်က အဲဒီရွာက PDF ထိန်းချုပ် အခြေချရာနေရာပါ။ ခုခံစစ် ၂လတာအချိန်အတွင်း ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်။ ၂လတာ ခုခံစစ်ကို ဆုတ်ခွာခဲ့ပြီး PDF မရှိတော့မှန်းသိလို့ မီးဝင်ရှို့တာ၊ ဖမ်းဆီးခံရတဲ့ ပြည်သူတွေ ရှိမရှိ ဆိုတာတော့ မသိရဘူး။ အဲဒီစစ်ကြောင်းက ၈လပိုင်း ၂၃ရက်က စတင်ဖြစ်ပွားတဲ့ ပလမြို့တွင်း စစ်ဆင်ရေးမှာ အင်အားထပ်တိုးထားတဲ့ စကစ စစ်ကြောင်းပါ” လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၆ရက်နေ့တွင် မင်းပြင်ရွာကို စစ်အုပ်စု မီးရှို့နေပုံ



အဆိုပါ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၃ရက်နေ့ကတည်းက မင်းပြင်ရွာထဲ ရောက်ရှိနေတာဖြစ်ပြီး ၆ရက်နေ့မှာ မီးရှို့မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အကြမ်းဖက်စစ်တပ်က မင်းပြင်ရွာထဲ ဆက်လက်အထိုင်ချထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“အရင်က စစ်ကြောင်းထိုး ရောက်ခဲ့ဖူးတယ်။ မီးမရှို့ဘဲ နေအိမ်တွေမှာရှိတဲ့ ရိက္ခာအဖြစ် ကြက်၊ ဝက်တွေ သတ်စားတာ၊ တန်ဖိုးကြီးပစ္စည်းတွေ ယူတာတွေပဲ လုပ်ခဲ့တာ။ ပလမြို့ထဲရော မင်းပြင်ရွာထဲမှာပါ ပြည်သူ တစ်ယောက်မှ မနေရဲကြတော့ဘူး” လို့ အထက်ပါ နယ်မြေခံတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

မင်းပြင်ရွာဟာ အခုလို မီးရှို့ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး လက်ရှိမှာတော့ မင်းပြင်ရွာ အပါအဝင် ကျေးရွာ ၉ရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာ ၂လကျော်ရှိပြီဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်တိုက်ခိုက်

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၉ က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီးPDF က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း၏ ၃ နှစ်ပြည့် အခမ်းအနား

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်း KPLA/B9420 ရဲ့ တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည်တစ်နေရာမှာ နိုဝင်ဘာ ၁၄ ရက် ဒီနေ့ အကျဥ်းချုံးပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ရွှေစျေးနှုန်းထိန်းချုပ်ရေးက မှောင်ခိုစျေးကွက်ကိုသာ ကြီးထွားစေနိုင်

စစ်ကောင်စီက ရွှေစျေးကွက်ကို ဝင်ထိန်းပြီး ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရမယ်လို့ ပြောလာခြင်းက ပြင်ပမှောင်ခိုစျေးကွက်ကိုသာ ကြီးထွားလာစေန်ိုင်ကြောင်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တိုက်ပွဲများတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနှင့် တပ်သား ၂၀ ကျော် ထိခိုက် သေဆုံးခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနဲ့ တပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေဆီ မရောက်အောင် ထောင်နဲ့ချီတဲ့ စက်သုံးဆီ ပီပါတွေကို စစ်ကောင်စီ ဖမ်းဆီး

တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်ဝယ်မရောက်ရှိအောင် စက်သုံးဆီ ပီပါထောင်နဲ့ချီကို စစ်ကောင်စီက တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက် စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

KNDF အမှတ် (၁၅) တပ်ရင်း ၃နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အောက်တိုဘာလ (၂၈) ရက်မှာ ကျရောက်ခဲ့တဲ့ (၃) နှစ်ပြည့်အခမ်းအနားကို မြေပြင်အခက်အခဲ အခြေအနေ အမျိုးမျိုးကြောင့် ဒီဇင်ဘာလ (၂၈) ရက်မှာမှ ကရင်နီပြည်နယ် မြေပြင်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။