ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၃ ယောက်က လက်နက်တွေနဲ့အတူ ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

အောက်တိုဘာလ ၆ ရက် မနေ့က အကြမ်းဖက် စစ်တပ်ရဲ့ တပ်မ ၂၂ ကနေ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ဟာ MA အမျိုးအစား သေနတ်တွေနဲ့အတူ ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်ရောက်လာတာကြောင့် ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ဗျူဟာစစ်ကြောင်း ၁ ဆီကိုလည်း အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၂ ယောက်က လက်နက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၆ ရက် မနေ့က ရန်ကုန်ဗျူဟာ စစ်ကြောင်း ၁ ဆီကို စစ်မှုထမ်း တပ်သားသစ် ၂ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်မြေပြင်မှာ တွေ့ကြရင်တော့ ငါတို့ ညှာပြီး ရွေး ပစ်နေလို့ မရဘူး…၊ ခုလို အမှားမှန်သိပြီး အလင်းဘက်ကို ကူးပြောင်း လာရင်တော့ ကိုစိုးကြီးတို့က နွေးထွေးစွာ ကြိုဆိုတယ်…… ဗျူဟာစစ်ကြောင်း ၁ ထံသို့ လက်နက် ၂ လက်နဲ့အတူ အလင်းဝင် ရောက်လာသော ပစ ညီငယ် နှစ်ယောက်” လို့ ရန်ကုန်ဗျူဟာစစ်ကြောင်း ၁ က သတင်းထုတ်ပြန်ရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

မအူပင်မြို့ပေါ် စစ်ကောင်စီ ပေါ်တာဆွဲမှုကြောင့် ညဘက် လမ်းဘေးဈေးဆိုင်တွေလည်း ဝယ်ယူစားသုံးသူ မရှိသလောက်ဖြစ်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲမှုတွေ ရှိနေပြီး ညဘက် လမ်းဘေးဈေးဆိုင်တွေမှာ ဝယ်ယူစားသုံးသူ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးရဲဘော်များကို စစ်သားထင်ပြီး ဧည့်ခံဖို့ပြင်နေရင်း ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာက စစ်မှုထမ်းဟောင်းလည်းဖြစ်တဲ့ ရာအိမ်မှူး ဦးမြင့်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း ငလျင်ကြောင့် ပျက်စီးသွားသည့် နေအိမ် (၄၅) လုံးအတွက် PDF နဲ့ ပကဖများ သွားရောက်လှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ပြည်သူ့နေအိမ် (၄၅) လုံးအတွက် အိမ်တစ်လုံးကို (၅၀၀၀၀) ကျပ်နှုန်းနဲ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ​ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံတွင် စစ်အုပ်စုဂိတ်စခန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်က စစ်အုပ်စုအထိုင်စခန်းကို ပြောက်ကျားသွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၂ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရ… ဘီးလင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဥ်၊ ဒရုန်းတွေအပြင် လက်လုပ်အသေခံဒရုန်းတွေနဲ့ပါ ပြည်သူတွေကို တိုက်ခိုက်…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။