မြန်မာနိုင်ငံတဝန်း ၂၀၂၅ခုနှစ်ရဲ့ ပထမ ၉လတာအတွင်း အကြမ်းဖက်စစ်တပ်ထံကနေ အလင်းဝင်သူ၊ လက်နက်ချသူနဲ့ စစ်သုံ့ပန်း ၂၀၀၀ကျော်ရှိပြီဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ အကြမ်းဖက်စစ်တပ်ကနေ အလင်းဝင်သူ၊ လက်နက်ချသူနဲ့ စစ်သုံ့ပန်း ၂၁၂၁ ယောက် ရှိတယ်လို့ ဆိုပါတယ်။

“စကမ (စစ်ကော်မရှင်) ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ရာထူးအချွတ်အလဲ သတင်းများနဲ့အပြိုင် အောက်ခြေ စစ်သည်တွေရဲ့ ပြည်သူ့ဘက် အလင်းဝင်/ကူးပြောင်းမှု သတင်းများကလည်း အစဉ်အလာမပျက် ရှေ့ဆက်နေကြဆဲပါပဲ။ စကမ (စစ်ကော်မရှင်) တွေရဲ့ ရွေးစရာမရှိတဲ့ အကောက်ကြံပွဲကြီးက အောက်ခြေ နင်းပြားတွေရဲ့ဘဝကို ဘာမှ ပြောင်းလဲမပေးနိုင်တာ ကတုတ်ကျင်းထဲ အိပ်မက်ဆိုးမက်နေရတဲ့ ကျန်ရဲဘော်တွေ သိသင့်ကြပါပြီ။”လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ စတုတ္ထပတ်အတွင်းမှာလည်း အကြမ်းဖက်စစ်တပ်ကနေ စစ်မှုထမ်းတပ်သားသစ် ၁၄ ယောက် အလင်းဝင်လာပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၁၈ ယောက် ရှိတယ်လို့လည်း ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်ဒေသနှင့် ပြည်ပကိုရောက်နေသည့် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ကြောင်း စစ်ကောင်စီ ဖိတ်ခေါ်

တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်လိုက်ပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီက တစ်နာရီအတွင်း ၅ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့တစ်ရက်တည်းမှာ လေကြောင်းကနေ ၅ ကြိမ်အထိ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်သား ၃ ဦး အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်ကော်မရှင်တပ်သား ၃ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။