စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ရော့ကတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် ၁၂ယောက်သေဆုံးပြီး ရိက္ခာဂိုဒေါင်တွေ ပျက်စီးခဲ့တယ်လို့ Chindwin Rocket Brother – C.R.B တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ရက်နေ့က Chindwin Rocket Brother – C.R.B နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ သီတင်းကျွတ်အကြိုအဖြစ် နမခရှိရာကို ရော့ကတ် ၁၀လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ C.R.B ရဲ့ ၉ကြိမ်မြောက် နမခကို တိုက်ခိုက်မှုဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း ပစ်မှတ်တွေကို ထိမှန်ခဲ့တာကြောင့် စစ်အုပ်စုတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

ရော့ကတ်တွေကျရောက်ပေါက်ကွဲမှုကြောင့် စစ်တိုင်းရုံးအတွင်းက အရာရှိ ၅ယောက်၊ ရိက္ခာဂိုထောင်စောင့် စစ်သား၂ယောက်နဲ့ တပ်တွင်းမိသားစုဝင် ၅ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို တဆ(ခွဲ) ၄/၃၀၀ တပ်ဆေးရုံကို အရေးပေါ်ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တိုင်းရုံးအတွင်းက ရိက္ခာဂိုထောင် ၂လုံးလည်း တိုက်ခိုက်မှုအတွင်း ပြိုကျပျက်စီးခဲ့ပါသေးတယ်။

Chindwin Rocket Brother (C.R.B) နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brother – C.R.B) ဦးဆောင်ပြီး မဟာမိတ်အဖွဲ့တွေဖြစ်ကြတဲ့ ချိုမိုင်မိုင် (ကနီ)၊ Chindwin Brother၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army မုံရွာခရိုင်တပ်ရင်း (၁၄) ဗိုလ်လက်ကောက်နဲ့ ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအပြီး အောက်တိုဘာလ ၆ရက်နေ့ညပိုင်းမှာတော့ အကြမ်းဖက် စစ်အုပ်စုတွက မုံရွာ နမခတက် စက်တပ်လေထီးနဲ့အတူ မုံရွာနဲ့ချောင်းဦးနယ်အစပ်မှာရှိတဲ့ ဆီမီးထွန်းပွဲလုပ်ဆောင်ရာနေရာကို ၁၂၀မမ ဗုံးသီးတွေကြဲချတိုက်ခိုက်ရာမှာ ကလေးငယ်တွေအပါ အများအပြား ထိခိုက်သေဆုံးခဲ့ရပါတယ်။

“သူတို့ကတော့ သတင်းရတဲ့ ဘယ်နေရာမဆို ပစ်မှာပါပဲ။ ဒီလိုလုပ်လိုက်လို့ သူတို့က လပြည့်နေ့ညမှာ ပြန်လုပ်တယ်ဆိုတာကတော့ မဆိုင်ဘူးပြောရပါမယ်။” လို့ Chindwin Rocket Brother – C.R.B တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်း မြို့နယ် သုံးခုတွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်နှစ်အတွင်း အရပ်သား ၆၉ ဦး သေဆုံး

အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု တွေကြောင့်ဧရာဝတီတိုင်းထဲကမြို့နယ်သုံးခုမှာ ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၆၉ ယောက် သေဆုံးပြီး နေအိမ်ပေါင်း ၁၆၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကထုတ်ပြန်ပါတယ်။
Read More

မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အဆင့်ရှိသူကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၀၃ တပ်ရင်းက ယာယီတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့နေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။
Read More

ပုလဲတွင် စစ်ကြောင်းအန္တရာယ်ကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ အရပ်သား ၂ သောင်းကျော် စစ်ရှောင်နေရ၊ အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်​ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၂၅ ရွာက အရပ်သား ၂သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အခက်အခဲတွေရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က သတင်းဖော်ပြပါတယ်။
Read More

စစ်ကောင်စီက ကျုံပျော်အခြေစိုက်တပ်မှာ လေ့ကျင့်နေတဲ့ စက်တပ်လေထီးတွေနဲ့ ရခိုင်ဒေသကို သွားရောက်ဗုံးကြဲနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စုဂိတ်စခန်းတစ်ခုအား ဒရုန်း ၁၀ စီးဖြင့် တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပျူစောထီး‌ခေါင်းဆောင် သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။