မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ မီးပုံပျံ အိမ်ပေါ်ကျရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

အောက်တိုဘာ ၆ ရက် ညပိုင်းက ပြည်ကြီးတံခွန်မြို့နယ် ၁၃၁x ၁၃၂x ၅၉(C)လမ်းမှာ မီးလောင်မှု ဖြစ်ပွားတဲ့အတွက် သွားရောက်မီးငြိမ်းသတ်ခဲ့ရတယ်လို့ Myanmar Fire Services Department က သတင်းထုတ်ပြန်ထားပါတယ်။ 

”မီးပုံးပျံ solar ပြား ပေါ်ကျတာက စလောင်တာ၊ တဖောက်ဖောက် မြည်တော့ သီတင်းကျွတ်မို့ ဗြောက်ဖောက်တာလား။ မန္တလေးတက္ကသိုလ် ရာပြည့် အခမ်းအနားက အခမ်းနာကျင်းပနေလို့များလား ထင်နေပြီး ထွက်မကြည့်မိတာ၊  မီးတွေများ ကြောက်စရာကြီး”လို့ မြင်တွေ့ခဲ့ရသူက တစ်ယောက်က ဆိုပါတယ်။

မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် နှစ်ထပ်အိမ်အပေါ်ထပ် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

Video-Xiao Mie

0 Shares:
You May Also Like
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း ကင်းပုန်ဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၃ လက် ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ T.G.R တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါ ၁၉ ဦး သေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဒုရဲအုပ်အပါအဝင် စစ်‌ကော်မရှင်တပ်သား ၁၉ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။ 
Read More

ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force – Kanpetlet အလံတော်လွှင့်ထူ (ရုပ်/သံ)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force - Kanpetlet အလံတော်ကို လွှင့်ထူခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းစောရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ သံဃာတော်တွေ ဆွမ်းကပ်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောကျီးကန်း (၇) ကောင် တပ်ရင်းမှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်အပြီးပိုင်ချုပ်ငြိမ်းနိုင်ဖို့ တိုက်ပွဲဝင်မယ့် ရဲဘော်သစ်တွေကို တောကျီးကန်းစစ်ကြောင်းမှ ကြိုဆိုလျက်ရှိတယ်လို့ သိရပါတယ်။