ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းရွာက လူငယ်အားမာန်စာကြည့်တိုက်မှာ ထားရှိထားတဲ့ စစ်ကော်မရှင် တရားမဝင်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မြေအောက်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

အဆိုပါ မဲစာရင်းတွေကို အောက်တိုဘာ ၆ရက် မနေ့ည ၁၁ နာရီလောက်မှာ သွားရောက်မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ အဆိုပါ တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

“အခုလို မီးသွားရှို့တာ အခက်အခဲတွေတော့ရှိပါတယ်။ သိမှာစိုးလို့တောင် မိုးချုပ်မှ သွားရတာပါ။ မီးရှို့တဲ့အချိန်မှာတော့ မလာပါဘူးဗျ။ ဒီနေ့ နေ့ခင်း ၁နာရီခွဲမှာ မင်းလှစခန်းက ရောက်လာကြတာပါ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ဗိုလ်တိမ်တက်က ပြောပါတယ်။

ဆင်တဲကုန်းရွာကို ရောက်ရှိလာတဲ့ စစ်ကော်မရှင်တပ်သားတွေက ရွာထဲကလူတွေကို စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့သလို ရွာထဲ တပ်စွဲဖို့ လုပ်နေတာကြောင့် ဒေသခံတွေက မလုပ်ဖို့ တောင်းပန်ထားရတယ်လို့လည်း သိရပါတယ်။

“ရပ်မိရပ်ဖတွေကို ခေါ်တယ်၊ အရင်က ဘယ်သူ ဘာလုပ်လဲပေါ့။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူတွေကို မေးမယ် စမ်းမယ် ဆိုတာတွေ လုပ်နေတယ်။ စကစဘက်က တပ်စွဲအထိုင်ချဖို့အထိ စီစဥ်နေပါတယ်။ အထိုင်ချဖို့အတွက်က ရွာက အထိုင်မချဖို့အတွက် တောင်းပန်ထားတယ် သတင်းကြားတယ်” လို့ အထက်ပါ တပ်ခွဲမှူး ဗိုလ်တိမ်တက်က ပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာလထဲမှာ တရားမဝင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့ ကြေညာထားပြီး အဆိုပါ ရွေးကောက်ပွဲအတုအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်ရှိ စစ်ရှောင်ရွာ (၄) ရွာက ပြည်သူတွေကို ရွေ့လျားဆေးပေးခန်း (mobile clinic) နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ရှောင်ရွာ (၄)ရွာက ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic)ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးက စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ခံရသူတွေကို ဒေါက်တာတေဇာစန်း အပါအဝင် တော်လှန်ရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးဆောင်ရွက် 

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဒေသအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသအုပ်ချုပ်ရေး (ပအဖ)၊ ဒေသကာကွယ်ရေး (ပကဖ) တာဝန်ရှိတွေ ပူးပေါင်းပြီး ငလျင်ဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေါက်တာတေဇာစန်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ဖော်ပြထားပါတယ်။ 
Read More

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်မြေ နတ်မောက်မြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်…

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်မြေဖြစ်တဲ့ မကွေးတိုင်း၊ နတ်မောက်မြို့ကို အာဇာနည်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ စာသင်ကျောင်းနဲ့ ဘုရားစေတီ ထိခိုက်ပျက်စီးခဲ့တယ်လို့ အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီက အရပ်သားတွေကို တပ်သားအဖြစ်ရော ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး ခုခံစစ်အတွက် စစ်အင်အားဖြည့်တင်းနေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းပေါ်တာဆွဲမှုအပြင် ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး စစ်အင်အားအသည်အသန် ဖြည့်တင်းနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံက သိရပါတယ်။
Read More

အမေရိကန်ရောက် မြန်မာတွေရဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရောက် မြန်မာလူမျိုးတွေက လက်ရှိ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့မှာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို  ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်မှာ ပြုလုပ်ခဲ့ပါတယ်။