အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေချိန် တော်လှန်ပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

“အကြမ်းဖက် ခေါင်းဆောင် မအလ ရောက်နေချိန်မှာပဲ မန္တလေးမြို့ ဘုရားကြီး၊ မန္တလေးတောင်တော် ခြင်္သေ့ကြီးနှစ်ကောင်၊ ဈေးချိုတော် နာရီစင်၊ ကျုံးဘေး၊ စည်ပင်ရုံးရှေ့၊ ဘုရားပွဲခင်းနဲ့ အထင်ကရ လမ်းမကြီးများထက်မှာ ဒီလူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။” လို့ မန္တလေးသပိတ်အင်အားစုက လူမှုကွန်ရက်မှယ ရေးသားထားပါတယ်။

ဒါ့အပြင် မန်းသူမန်းသားတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပျူလက်ပါးစေတွေ သောင်းကျန်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်တာတွေကို ဆက်တိုက် ကြုံတွေ့ရင်ဆိုင်နေရတယ်လို့လည်း မန္တလေးသပိတ်အင်အားစုက ဆိုပါတယ်။

“… မန်းသူမန်းသားများမှာ ဖက်ဆစ် စစ်တပ်နဲ့ အာဏာသိမ်း စစ်အုပ်စုအပေါ် နာကျည်းချက်တွေက ရင်နဲ့အပြည့်ပါ။ ဒါ့အပြင် အခု စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ (တနည်း) လုပ်ပွဲကိုလည်း ခါးသီးစွာ ဆန့်ကျင်ကြ၊ ရွံမုန်းကြပါတယ်” လို့ မန္တလေးသပိတ်အင်အားစုက ပြောပါတယ်။

ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကဖြစ်တာကြောင့် ပြည်သူလူထု ထောက်ခံပါဝင်နေသရွေ့ ဒီတော်လှန်ရေးက ရှေ့ကို ဦးတည်ရှေးရှုနေမှာဖြစ်သလို ပြည်သူအားလုံးအနေနဲ့လည်း အာဏာရူးစစ်အုပ်စုကို ငုံ့မခံဘဲ ရရာနည်းနာနည်းလမ်းအစုံနဲ့ တုံ့ပြန်နေကြဖို့ကိုလည်း မန္တလေးသပိတ်အင်အားစုက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အကြမ်းဖက် အာဏာရှင်ကို ဆက်လက် တွန်းလှန်ကြရင်း ပြည်သူမှ ပြည်သူသို့ အပြန်အလှန် ဖေးကူကြပြီး တော်လှန်ခရီးကြမ်းကို အတူဆက်လက် ချီတက်ကြဖို့အတွက်လည်း မန္တလေးသပိတ်အင်အားစုက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နွားထိုးကြီးမြို့နယ်(ပကဖ)ဟာပြီးခဲ့တဲ့ နို၀င်ဘာ ၃၀ ရက်နေ့က အမှတ်စဉ်(၃) သင်တန်းဆင်းပွဲပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီက အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်နေလို့ လက်တုံ့ပြန်တိုက်ခိုက်တော့မယ်လို့ CNDF ဆို

အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရတာများလာလို့  စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က အသိပေးပြောဆိုလိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်၊ လက်နက် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၂ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး စစ်တပ်စစ်ကြောင်းက ငါ့သရောက်မြို့နယ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့များကို ဆဲဆိုပြီး သီချင်းဆိုနေသည့် စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်က စစ်ကော်မရှင်တပ်သားတွေ ဆဲဆိုပြီး သီချင်းဆိုနေချိန် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။