တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ပျောက်ကျေးရွာအုပ်စု၊ ထီးမဲ့ဘော (သဲချောင်းကြီး)ကျေးရွာရှိ အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိ‌တဲ့ ပြည်သူ (၄) ယောက်ကတော့ အသက် (၉၁) နှစ်အရွယ်နဲ့ အသက် (၅၀) နှစ်အရွယ် အမျိုးသမီး (၂) ယောက်၊ အသက် (၅၈)နှစ်အရွယ် အမျိုးသားနဲ့ အသက် (၁၀) နှစ်အရွယ် မိန်းကလေးငယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ထီးမဲ့ဘော(သဲချောင်းကြီး)ကျေးရွာရှိ ပြည်သူရွာသား (၄) ဦး နှင့် ပျက်စီးခဲ့သည့် နေအိမ် (၂) လုံး (ဓာတ်ပုံ KNU – Mergui-Tavoy District)

0 Shares:
You May Also Like
Read More

တီးတိန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက် ၁ လက်နဲ့ အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ လက်အောက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်လာတယ်လို့ CDF - CDM - Siyin က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
Read More

ဇီးကုန်းမှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ​ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ကြို့ပင်ကောက်အခြေစိုက် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်မှုထမ်းခွင့်ရခြင်းဟာ မွန်မြတ်ပြီး ဂုဏ်ယူရတဲ့အလုပ်ဖြစ်တယ်လို့ ပေါ်တာဆွဲစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံရှိ လူဦးရေထဲက အနည်းငယ်သာ စစ်မှုထမ်းခွင့်ရှိတာကြောင့် စစ်မှုထမ်းခွင့်ရသူတွေအနေနဲ့ ဝမ်းသာဂုဏ်ယူဖို့ လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အမေရိကန်ရောက် ကိုထိန်လင်း နယူးယောက်မြို့ရှိ ကုလဆိုင်ရာ မြန်မာသံရုံးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံ…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံရုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်း သွားရောက်ခဲ့ပြီး ကုလဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ဖြူးနဲ့ အုတ်တွင်းမှာ ၆ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော် သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။