ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်က Beauty Land Hotel မှာ အပိုင်းပိုင်းခုတ်ထစ်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အောက်တိုဘာ ၆ ရက် ဒီနေ့မနက် Beauty Land Hotel အခန်းနံပါတ် ၅၀၂ မှာ တည်းခိုတဲ့ အမျိုးသမီးကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ကာ အခန်းအပြင်ဘက် လေအေးပေးစက် တပ်ဆင်ထားတဲ့စင်ပေါ်မှာ အမှိုက်အိတ်အပြာနဲ့ စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အိတ်အပြာထဲကနေ သေဆုံးသူရဲ့ လက်တစ်ဖက် ထွက်နေတာကို မြင်တွေ့ကြမှသာ လူသေအလောင်းဆိုတာ သိကြတာဖြစ်လို့လည်း သိရပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ “အဲ့တာကြောင့် အခုတလော ပုတ်စော်နံ့ နံတယ်ထင်တာ တတိုက်ကျော် နောက်ဖေးတိုက်က ဖြစ်နေတာပဲ”

“ဟိုတယ်ဝန်ထမ်းတွေက ပေါ့ဆလွန်းတယ်”

“Hotel မှာလူတစ်ယောက်လုံးသတ်သွားတာ… ဟိုတယ်က လူတွေက မသိကြဘူးလား…ဘယ်သူလာတည်းတယ် ဆိုတာတော့ မှတ်ပုံတင်ရှိမှာပဲ”

“စစ်တပ်ကကောင်တွေ လက်ချက်ဆိုတာ သေချာပြီ ပုံမှန်ဆိုရင် CCTV ကြည့်ရင်သိနိုင်သလို မှတ်ပုံတင် ဘာညာစစ်လိုက်ရင် သိနိုင်တယ် CCTV ပျက်နေတယ်ဘာညာဆိုရင် ပိုပြီးတော့သေချာတယ်” စတဲ့ မှတ်ချက်တွေကို ရေးသားထားတာတွေ့ရပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင် လက်အောက်ခံ ရဲတွေက အသတ်ခံရတဲ့ အမျိုးသမီးဟာ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ဟိုတယ်ကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး လူသတ်တရားခံကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ပြည်သူအများစုကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်အောက်မှာ ခိုးမှု၊ ဓားပြမှု၊ လူသတ်မှုတွေနဲ့အတူ တိုင်းပြည်ဟာ လုံခြုံမှုမရှိတော့ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးအနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံးတွေ ကြဲချတိုက်ခိုက်လို့ ပြည်သူ ၃ ယောက် သေဆုံး

လားရှိုးမြို့အနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့ရပြီး ၂ယောက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

CDF-Matupi တပ်မဟာ -၁ လက်အောက်ရှိ လင်းယုန်တပ်ရင်းက ၆ လပတ်အစည်းအဝေးပြုလုပ်…

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (CDF-Matupi) တပ်မဟာ -၁ အောက်ရှိ တပ်ရင်း တစ်ရင်း ဖြစ်တဲ့ လင်းယုန် တပ်ရင်းက ၆ လပတ်အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်၊ ပျူစောထီး ၃ ယောက်နဲ့ ရဲ ၁ ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ သာယာကုန်းရဲစခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ပျူစောထီး ၄ ယောက်နဲ့ ရဲ ၁ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်း စာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်းစာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ (Dragon Brothers GBK) က ထုတ်ပြန်ထားပါတယ်။
Read More

NLD အစိုးရလက်ထက် ဝယ်ယူခဲ့သည့် DEMU လူစီးရထားအား မင်းအောင်လှိုင်က သူ့လက်ထက်မှာ တိုးတက်နေသဖွယ် လိုက်ပါစီးနင်းပြ

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အရပ်သားအစိုးရလက်ထက်မှာ ဝယ်ယူခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမှတ်(၈)အစုန် DEMU လူစီးရထားကို ခရီးသည်တွေနဲ့အတူ လိုက်ပါစီးနင်းခဲ့တယ်လို့ စစ်တပ် လော်ဘီ သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီအထိုင်တပ်က ဒရုန်းနဲ့ ဗုံးသီးတွေကြဲချခဲ့လို့ ကျေးရွာ ၃ ရွာက အရပ်သားတွေသေဆုံး

"ပြည်သူအတွက်ကတော့ လေကြောင်းရော၊ ဒရုန်းရောက အကုန်ထိတ်လန့်စရာတွေပါပဲဗျ။ အခုလည်းစံပါယ်နံ့သာ အနီးတဝိုက် ကျေးရွာတွေအရေးပေါ် ရှောင်တိမ်းနေရပါတယ်။" လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။